(Unicode)
_________________________
ဒီနေ့တော့ Wangဟာ သူ့ကတော်လေးကို ခေါ်ပြီး သူ့ တစ်ယောက်သာ ဝင်ထွက်လေ့ ရှိတဲ့ ကမ္ဘာလေးထံ ခေါ်ဆောင်သွားသည် ။
"ဒီနေရာက ကိုယ် မင်းကို ပေးတဲ့ လက်ဆောင် တစ်ခု
Wangဟာ ထိုသို့ ပြောပြီး အခန်းတစ်ခုထံ ခေါ်သွားသည် အခန်းတံခါးလေးကို ဖွင့်လိုက်တော့ နောက်ထပ် ကမ္ဘာတစ်ခုကို ရောက်သွားသလိုပင် ပန်းပွင့်ရောင်စုံနဲ့ တူရိယာ မျိုးစုံ ရှိနေတဲ့ အခန်းလေး
မှန်အသားကနေ ထိုးဝင်လာတဲ့ နေရောင်ခြည်ဟာ ပန်းပွင့်လေးတွေထံ ဖြာချလာပြီး ပန်းရံနံ့သင်းသင်းလေးတွေက နှာခေါင်းထဲ မွှေးပျံ့ သွားသည်
"ဒါက
"သဘောကျလား
"အင်း နှင်းဆီ ပန်းတွေ အများကြီးပဲ
"ကိုယ်တို့ ပထမဆုံး ဆုံတုန်းက မင်းက နှင်းဆီအစည်းလေးနဲ့ ကိုယ့်မျက်ဝန်းထဲမှာ အလှအပဆုံးပဲ
"ဘာတွေ ပြောနေတာလဲ
ရှက်သွေးဖြာသွားတဲ့ ရှောင်းကျန့်ဟာ Wangအကြည့်တွေကို ရှောင်လိုက်ပြီး တူရိယာ တွေထဲက တယောလေးကို ကောက်ကိုင်လိုက်သည်
အချိန်အနည်းငယ်ကြာတော့ Wangနဲ့ရှောင်း ဆက်ဆံရေးက ရင်းနှီးလာသလိုပင် Wangရဲ့ ဂရုစိုက် မှုတွေမှာ သာယာမိနေပြီး Wangက ရာဇဝတ်သားဆိုတာကိုပင် မေ့နေခဲ့သည် ။
" ကိုယ်တို့ ဒုတိယ အကြိမ်တွေ့တုန်းက မင်းက နှင်းဆီပန်းတွေကြားမှာ အရမ်းတောက်ပနေခဲ့တယ် ကိုယ့်အတွက် နေရောင်ခြည်အလင်းလေးလိုပဲ
"ခင်ဗျား ကျွန်တော့်ဘဝထဲစဝင်လာတဲ့နေ့ကစပြီး ကျွန်တော့်ဘဝက ဗရမ်းဗတာ တွေ ဖြစ်နေတော့တာပဲ လှပတဲ့ အချိန်တွေတောင် ပျောက်ဆုံးတယ်
ရှောင်းကျန့် ဟာ ခပ်မဲ့မဲ့လေး ပြုံးပြီး ထိုစကားကိုဆိုကာ လက်ထဲက တယောလေးကို ထိုးဖို့ ပြင်သည်
" မင်း ထိုးတတ်လို့လား
"ဟင့်အင်
"ကိုယ် သင်ပေးမယ်
"အင်း
Wangဟာ တယောကိုင်ထားတဲ့ ရှောင်းကို နောက်ကျောဘက်ကနေ ဖက်လိုက်ပြီး တယော ကြိုးနဲ့ တယော တန်ကို ရှောင်းလက်အပေါ်ကနေ ကိုင်ထားပြီး
YOU ARE READING
Hayran KurguYiZhan Shot🔞🚬 လေးပိုင်းလောက်ပဲ ရှိနိုင်ပါတယ်✨🫦