2

632 89 2
                                    

*တီတီ တီတီ တီတီ*

ညဘက် ဘယ်​လောက်ပဲ အိပ်​ရေးဝ​အောင် အိပ်ထားထား၊ မိုးလင်းလို့ နှိုးစက်သံကြားရင် ငါ အမြဲတမ်း စိတ်ရှုပ်ရတယ်။ မ​နေ့ညက အ​စောကြီးအိပ်ခဲ့​ပေမယ့် အခုလို မသာယာ မနာ​ပျော်ဖွယ် အသံ​ကြောင့် နိုးလာ​ရတော့ စိတ်က မကြည်​လင်နေဘူး​လေ။ ငါ ​ဆောင့်​အောင့်ပြီး နှိုးစက်ကို လှမ်းပိတ်လိုက်တယ်။ ၅မိနစ်​လောက် ပြန်အိပ်လိုက်ရမှ ​လူက ကျေနပ်ပြီး ​နေ့သစ်တစ်ခု အစပြုနိုင်မှာ။

"ကျန်းဟာအို နင် အိပ်ရာ မထ​သေးဘူးလား!!!!"

​ပြော​ပြောဆိုဆိုနဲ့ အ​မေက​ ​ငါ ခြုံထားတဲ့စောင်ကို ဆွဲမပြီး ကုတင်​ခြေရင်းနားက ငါ့​ခြေမကို သူ့ လက်သည်းနဲ့ လာဆိတ်ပြီး နှိုးတယ်။ မနက်တိုင်း နှိုးစက်ပိတ်ပြီး ၅မိနစ်ကြာတာနဲ့ အ​မေက ​ရောက်လာပြီး ငါ့ကို တစ်ခွန်းပဲ ​​အော်ပြီးနှိုးတယ်။ ​အမြဲ တစ်ခွန်းတည်း​ပေမယ့် ခြေမက​တော့ နာ​နေ​အောင်ကို အဆိတ်ခံရတာ။

"မိဘ​တွေကို ​နေ့တိုင်း စိတ်ဆင်းရဲအောင်လုပ်ပြီး လိုချင်တာ ရသွားရင်လည်း ​စော​စောစီးစီး ထပါလား။ ​အခုလို အိပ်ရာမထပုံနဲ့ ငါတို့ မရှိဘဲ နင်ဘယ်လို​များ နေထိုင်စား​သောက်မလဲ။"

​ခြေ​ထောက်က နာ​နေတာ​ကြောင့် ငါ နိုးနိုးကြားကြား ဖြစ်လာတဲ့အချိန် ကြားလိုက်ရတဲ့ အ​​မေ့စကား​ကြောင့် ငါ့မျက်လုံး​တွေကို ချက်ချင်းပဲဖွင့်လိုက်မိတယ်။ မနက်တိုင်းကြား​နေရတဲ့ စကား​ပေမယ့် တစ်ခုခုက မူမမှန်​နေတာ ငါခံစားမိတယ်။

"ကြာရင် ​ခြေမလည်း ပုပ်​တော့မယ်။ ကိုယ့်သား ​ခြေ​ထောက်က သံပုရာသီးလား။ အားတိုင်း ဆိတ်​နေရ​အောင်။"

ငါ လှဲရာက​နေ ထထိုင်ပြီး ​အိပ်ရာသိမ်းနေရင်း အ​​မေ့ကို ပြန်​ပြောလိုက်တယ်။ ငါ့​ခြေတွေ၊ လက်​တွေနဲ့ ငါ့နှုတ်က အကျင့် ဖြစ်​နေတာ​ကြောင့် အလိုအ​လျောက် လုပ်စရာရှိတာ​တွေလုပ်ပြီး စကား​တွေ ​ပြောနေ​ပေမယ့် ငါ့ အ​တွေးထဲမှာ တစ်ခုခု မှား​နေတာ​တော့ သိလိုက်တယ်။ ဒါ​တွေကို ငါ အရင်က ရင်းရင်းနှီးနှီး ဖြစ်ဖူး၊ ကြုံဖူးသလို ခံစားချက်ကြီး။

Unrequited Ten YearsWhere stories live. Discover now