(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၇ဖွားတို့ဆီတွင်ညအိပ်ရသည်မှာပျော်ဖို့ကောင်းလှသည်။ ဘာလို့ဆို ည ၁၀ နာရီလောက်ထိခလေးများနှင့် အိမ်ရှေ့တွင်ကစားကြခြင်းကြောင့်ပင်။ ထုတ်ဆီးထိုးတိုင်းကစားသည့်အခါ သိပ်ပျော်ဖို့ကောင်းသည်။ ရေများဖြင့်စည်းတွေတားကာ ပြေးလွှားဆော့ကစားရသည်ကိုနှစ်သက်လှပါသည်။နောက်ရက်တွင်တော့ တစ်ရက်လုံးဖွားလေးတို့အိမ်တွင်သာနေဖြစ်တော့သည်။
မေမေတို့ကနှစ်ရက်လောက်သာနေ၍ ပြန်လာကြမည်ဟုဖုန်းဆက်လေသည်။ သီတင်းကျွတ်ကို မိသားစုအတူပျော်မည်ကြောင့်တဲ့လေ။
"ဦးဦးလေး "
"ဝေ့"
"မီးမီးဝယ်ခိုင်းထားတဲ့အရုပ်လေးရော"
"ဟားဟုတ်သားပဲကွ"
"ဟွန့်မေ့ပြန်ပြီလား"
"ဦးဦးလေးကမေ့တာတော့မဟုတ်ဘူးသမီးရ ဦးဦးမေးထားတဲ့ဆိုင်ကစာမပြန်သေးတာ"
"အဲ့တာဆိုနောက်ဆိုင်ပြောင်းမှာပေါ့ မီးမီးကသီတင်းကျွတ်ကျောင်းပြန်ဖွင့်ရင်သူငယ်ချင်းတွေကိုပေးချင်တာကို"
"ဟုတ်ပြီ ဦးဦးလေးနောက်တစ်ဆိုင်ပြောင်းမှာလိုက်မယ် သမီးလိုချင်တဲ့အမွှေစိန်လေးတွေပဲသေချာမှာပေးမယ်"
"ဟီး ဟုတ် .."
ဦးဦးလေးဘေးထိုင်၍ ခမ်းငယ်အမွှေစိန်လေးကားထိုင်ကြည့်နေလိုက်သည်။ ဖိုးနှင့်ဖွားကတော့ တရားစာအုပ်ဖတ်နေကြလေပြီး ဦးဦးလေးကိုပူဆာနေသည်ကို ပြုံးပြုံးကြီးနှင့်နားထောင်နေကြတော့သည်။
"ဟော မေမေတို့လာပြီထင်တယ် "
"ဟုတ်မယ်ကွ လာသွားကြိုရအောင်"
ဦးဦးလေးလက်ကိုဆွဲ၍ အိမ်ရှေ့ထွက်လိုက်သည့်အခါ ဖေဖေတို့ကားလေးကဝင်လာလေသည်။
"ဦးဦးလေးသိလား မီးမီးမှာထားတဲ့ဟာဖေဖေမေ့လာရင် ဖေဖေ့ကိုစိတ်ဆိုးမှာ "
"ဟုတ်ပြီကွ တစ်ညလုံးဆိုးပစ်"
"အွန်း မီးမီးအကြောင်းသိတယ်မလား"
YOU ARE READING
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."