(Unicode)
Be My Bride 🌿🌤 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင် အပိုင်း-၆"ကိုကိုရေး ကျောင်းသွားမယ်လေ "
"ကိုကိုလာပါပြီ ညီမလေးရ"
ကျောင်းတတ်တာ လေးလလောက်ရှိပြီဖြစ်သောကြောင့် ခမ်းလေးဟာကျောင်းနှင့်ရင်ပါးလာကာ ကျောင်းသွားဖို့တတ်ကြွနေတတ်တော့သည်။
"ကိုကိုသိလား ဝတုတ်ကလေ ဒီနေ့သူ့အိမ်ကပန်းတွေခူးခဲ့မယ်တဲ့ စောစောလာတဲ့သူရမယ်တဲ့ အဲ့တာမီးမီးလိုချင်လို့"
"ဘာပန်းလဲညီမလေး "
"Rose"
"ခြံထဲမှာလဲရှိတာပဲ ညီမလေးလိုချင်ရင်ကိုကိုခူးပေးမယ်လေ"
"တူဘူးလေ သူ့ပန်းကရောင်စပ်စပ်လေးတွေ ဒီမှာက white ရယ် red ရယ် yellow ရယ်ဒါပဲရှိတာ သူ့လိုစပ်စပ်လေးမှရှိပဲ"
"ဟုတ်ပါပြီ ပေးလွယ်အိတ် ပြုတ်ကျမယ် "
"ဟုတ် "
အိမ်ပေါ်ကဆင်းတော့ ပြုတ်ကျမည်ဆိုး၍ ကျောပိုးအိတ်လေးကူသယ်ပေးလိုက်သည့်အခါ ခမ်းလေးဟာမျောက်လွှဲကျော်လေးလိုခုန်ပေါက်၍ဆင်းသွားလေတော့သည်။
"သမီးတို့များနော် သားခွန်းစစ်ရှိတော့ မေမေ့ကိုလဲမေ့ ဖေဖေ့ကိုလဲမေ့နဲ့ပါလား"
"မေမေကယဲ မီးမီးကဘယ်မှာမေ့လို့လဲ "
"ဟုတ်ပါ့ကွာ အရင်ကဆိုဖေဖေရေ မီးမီးကျောင်းသွားမို့လိုက်ပို့ဆိုပြီးလာလာပြောသေးတယ်အခုတော့ကွာ အိပ်ယာနိုးတာနဲ့ရေချိုး ပြီးရင်ကျောင်းဝတ်စုံလဲပြီး ကိုကို့အခန်းထဲတန်းသွားတာကွာ ခလေးသိလားသမီးကကိုယ့်ကိုမေ့နေပြီကွ"
သမီးရှေ့ဦးကထိုသို့ပြောလိုက်သည်နှင့် ပါးစပ်အဟောင်းသားလေးနှင့်မော့ကြည့်ကာ သူ့ဖေဖေပြောသည့်စကားများကိုအံဩနေလေသည်။
"ဖေဖေလျှောက်ပြောနေတယ် "
"ဖေဖေကရပ်ပြီးပြောတာပါကွာ ဖေ့သမီးကဖေဖေ့ကိုစိမ်းကားနေတော့ဝမ်းနည်းသွားပြီကွာ "
"ခစ်ခစ်.. ဖေဖေ့ကိုမေ့စရာလား "
သူ့ဖအေစမှန်းသိတော့ သမီးလေးဟာပြေး၍ ဦးပေါ်သို့ခုန်တတ်လေတော့သည်။
ESTÁS LEYENDO
Be My Bride 🌷💙 ချိုချိုချဥ်ချဥ် ကိုကို့ရင်ခွင်
Romance"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."