Love Equation❣️

88 5 0
                                    

လူတယောက်ကိုပိုင်ဆိုင်ချင်တယ်ဆိုတာလေတကယ်တမ်း လိုချင်တက်မက်မှု့ရဲ့ရမ္မက်နွံတခုပဲ အချစ်ဆိုတာလေ မလိုအပ်ဖူးအဓိကက ကိုချစ်ရသူမဟုတ်ဖူး ကိုလိုချင်တဲ့သူရဲ့ အသွေးသားကိုဆာလောင်မွတ်သိပ်မှု့တွေနဲ့အတူ အဲ့သူကို ရယူတာဒါကအမှန်တရားရဲ့သီအိုရီတခုပဲ လူတွေပြောတဲ့အချစ်ဆိုတာတကယ်မလိုအပ်တဲ့အရာ...

"ကင်မ်ထယ်~~~"

သူ့ရင်ခွင်ကျယ်အား ပွတ်သပ်ကာ ညု့တုတုအသံဖြင့် ဆွဲငင်စွာခေါ်ဆိုလာသောမိန်းမ၏အသံမှာ ရွံစဖွယ်အတိ

"ခများ ဖယ်စမ်းပါ"

ထိုမိန်းမ၏လက်သွယ်တို့အား ထယ်ယောင်းအားပါပါလွှဲချလိုက်သည် မိန်းမယုတ်မှာတော့ နာကျင်သွားဟန်ဖြင့်ြကည်လဲ့လဲ့မျက်လုံးတို့မှာမျက်ရည်ဥများငွေ့ရည်ဖွဲ့လျက် ဟက် ဒီလိုကြာကွက်တွေကထယ်ယောင်းအဖို့ရိုးအိနေပြီဖြစ်သည်

"ကယ်မ်ထယ် ခုမှဘာဖြစ်တာလဲ မနေ့ညကတော့ဒို့နဲ့...ဟက်"

"ဒီမယ် ခများရွံစရာစကားတွေလာမပြောနဲ့ ခုချက်ချင်းကျုပ်‌‌ေရှ့ကထွက်သွား "

"ကင်မ်ထယ်ကလည်းကွာ ဒို့ဘာအမှားလုပ်မိလဲပြော ဒို့ကိုဒီလိုတော့မဆက်ဆံပါနဲ့ နော်"

ရွံစရာကောင်းလောက်အောင်ပျစ်ချွဲချွဲအသံဖြင့် ထိုမိန်းမ၏ပုံစံမှာ တခြားတပါးသော ပုရိသတို့အဖို့ပျော်ကျချင်စရာကောင်းမည် ထိုထဲတွင်တော့ထယ်ယောင်းမပါ
သူ့အဖို့ကဒီလိုချည်နှောင်မှု့တွေရှုပ်ထွေးလွန်းတဲ့ပတ်သက်ဆက်နွယ်မှု့ကိုမလိုလား သူပတ်သက်ဖူးခဲ့သည့်လူတိုင်းဟာ ထယ်ယောင်းအဖို့One Night Stand သာသာ ဟုတ်သည်သူ့ရဲ့လိုချင်တက်မက်မှု့အတွက် စိတ်အာသာ‌ပြေယုံ အသုံးချခံသက်သက်ဟုသာထယ်ယောင်းသတ်မှတ်ထားသည် ထို့ကြောင့်အဘယ်သို့သောပတ်သက်ဆက်နွယ်မှု့မျိုးကိုမှ သူလက်ခံမည်မဟုတ်

"ဟက် ဒီမယ်ခများကကျုပ်နဲ့ပတ်သက်ချင်နေတာလား ခများဘယ်သူလဲကျုပ်မသိဘူး ကျုပ်န‌ဲ့ပတ်သက်ဖူးတဲ့သူဆိုရင်တော့ sorry ပဲ ကျုပ်ကအဲ့လိုအောက်တန်းစားလူတွေကိုမှတ်မထားတတ်လို့ ကျုပ်ခများကိုရှင်းအောင်ပြောမယ် ကျုပ်နဲ့ဝေးဝေးနေပါ "

Love Equation❣️Where stories live. Discover now