Love Equation ❣️ ⚠️

61 5 4
                                    

A small warning is Including in this part∆∆∆⚠️⚠️

*******
‌ထယ်ယောင်းတစ်ဘဝလုံးနိုးထရတဲ့မနက်ခင်းတွေဟာ ဒီနေ့လောက်တော့အဓိပ္ပာယ်မရှိခဲ့ ဘာလို့ဆို ချစ်ရသူရဲ့ကိုယ်ငယ်လေးဟာ သူ့ရင်ခွင်ထဲဝယ်နှစ်မြုပ်နေပြီး သူ့ခါး‌အား လက်ဖြူသွယ်သွယ်လေးဖြင့်ယှက်နွယ်ထားသည့် ပေါက်စလေးဟာ အသက်ရှူသံမှန်မှန်လေးဖြင့်အိပ်ပျော်နေသည် ။ထယ်ယောင်း နိုးနေပြီဖြစ်သောလဲ နှစ်ခြိုက်စွာအိပ်ပျော်နေသူချစ်ရသူလေးအားအိပ်ရေးပျက်မည်စိုးတာကြောင့် ထယ်ယောင်းမှာမလှုပ်မယှက်ဖြင့်ချစ်ရသူရဲ့မျက်နှာအစိတ်အပိုင်းတို့အားသူ့နှလုံးသားထဲမှာရော ‌ဦးနှောက်ထဲမှာပါစွဲထင်ရန်ပုံတူရိုက်ယူနေမိသည်။ခေါင်းလုံးလေးမှ ဆံသားတို့အား ထယ်ယောင်းသပ်တင်ပေးနေမိသည် မယုံနိုင်သေးဘူးဒီကောင်လေးရဲ့အရာအားလုံးကို ပိုင်ဆိုင်ရသည့်သူကိုယ်တိုင်မယုံနိုင်သေးဘူး နူးညံ့လွန်းတဲ့ကောင်လေးဟာ တကယ်ကိုမထိရက်စရာလေးဖြစ်သည် သို့သော် ညကထယ်ယောင်းရဲ့အချစ်များကြောင့် ဖြူလုံးလေးရဲ့ခန္တာကိုယ်တခုလုံးမှာသူ့ပေးထားသောအမှတ်အသားများအပြည့်ဖြစ်သည် သူကိုယ်တိုင်လဲစိတ်တို့အားထိန်းချုပ်၍မရခဲ့ ထိုကလေးကသူ့အားလွှတ်မပေးချင်လောက်အောင်ဆွဲဆောင်လွန်းသည်မို့ ထယ်ယောင်းကိုယ်တိုင်လဲ အရည်လဲ့နေတဲ့မျက်ဝန်းတို့အားလျစ်လျူရှု့ရင်း ချစ်ရသူရဲ့အသွေးအသားတို့အား အကြိမ်ကြိမ်ရယူမိသည်အထိဖြစ်သည်။သူ့အနမ်းကြမ်းများကြောင့်ဖူးရောင်နေသည့် နှုပ်ခမ်းပါးလေးဟာထယ်ယောင်းညကဘယ်လောက်တောင်ဆိုးမိသည်မသိအောက်နှုပ်ခမ်းလေးမှာ‌ေပါက်ကာသွေးပင်စို့နေပြီဖြစ်သည် ။

"ကိုယ် တောင်းပန်ပါတယ်ကလေး.."

ထယ်ယောင်းနှုပ်ခမ်းပါးလေးအားထိတွေရင်းတောင်းပန်စကားဆိုမိသည် သူ့စိတ်ဆန္ဒအရ ရယူမိပေမဲ့ ကလေးငယ်အားမနာကျင်စေချင်တာအမှန်ဖြစ်သည်ဒါပေမဲ့သူရွေးစရာမရှိခဲ့ဖူးက‌‌လေးအားအမြန်ဆုံးပိုင်ဆိုင်ရအောင်ကြိုးစားမိသည်။

"ကိုယ်မင်းနဲ့စောစောတွေ့ပြီး ကာကွယ်ပေးခဲ့ရမှာ.."

ထယ်ယောင်းနှုပ်ခမ်းပါးထက်မှ တိုးဖွစွာရေရွတ်မိသည်။သူသာအစောတွေခဲ့ရင် ဖြူစင်တဲ့ကလေးးမှာအတိတ်ဆိုးဆိုတာရှိခဲ့မှာမဟုတ်သလိုနာကျင်ခဲ့ရမှာလဲမဟုတ်ဖူး ထယ်ယောင်းက ဖြူလုံးလေးကို ကာကွယ်ပေးမှာမို့ ထယ်ယောင်းပါးပြင်ထက်မှမျက်ရည်တစ်စက်ကျဆင်းသွားသည်‌ နေ့ရက်တိုင်းကို‌ ကြောက်ရွံ့မှု့စိတ်ဒဏ်ရာ‌ တွေနဲ့ဖြတ်သန်းခဲ့ရ‌သောကလေးဟာဘယ်‌လောက်များပင်ပန်း‌‌ နေလိမ့်မည်လဲ ထယ်ယောင်းကိုယ်တိုင်လဲနာကျင်ရသည်မို့ ကလေးငယ်နှင့်အစောမတွေ့ဆုံစေခဲ့သောကံကြမ္မာကိုသာအပြစ်ပုံချမိသည်အထိဖြစ်သည်။

Love Equation❣️ Where stories live. Discover now