Love Equation❣️

44 6 0
                                    

ရယူခြင်းတွေအနိုင်လိုခြင်းတွေမရှိပဲ ပေးဆပ်ခြင်းဖြင့်သာ ကိုဟာ‌မင်းဘေးမှာ ရှိနေချင်ခဲ့တယ် အချစ်ဆိုတဲ့အရာဟာ ဒီလိုလဲနူးညံ့တတ်သေးပါလား‌နော် ကိုထိတွေ့မိတဲ့အချစ်က တကယ့်ကိုမှနူးနူးညံ့ညံ့လေးမထိရက်စရာလေး ကိုတော့ အများကြီးပျော်ဝင်မိပြီတင်ပါရဲ့

နေ့ရက်တွေအလီလီကျော်လွန်ပြီး ထယ်ယောင်းနဲ့ ကလေးငယ်ရဲ့ ဆက်ဆံရေးဟာ အလွန်ကောင်းမွန်လာပြီး အင်း ဘယ်လိုပြောရမလဲ သူငယ်ချင်းလား ယုန်ဖြူလေးရဲ့ မရှိမဖြစ် သူငယ်ချင်းလေးပေါ့ ထယ်ယောင်းဟာ ထိုကလေးငယ်အတွက် နေပေးဖြစ်ခြင်း ခုလိုအခြေနေတွေဟာ ထယ်ယောင်းနဲ့ လားလားမှမသက်ဆိုင် အရင်ကထယ်ယောင်းနဲ့ပေါ့ ခုတော့သူပြောင်းလဲသွားပြီ။အရင်လို မိန်းကလေးတွေနဲ့ထည်လဲ မတွဲဖြစ်သလို သူငယ်ချင်းဖြစ်သူဂျီမင်နဲ့လဲ Bar တွေမသွားဖြစ်တော့ ကလေးငယ်နဲ့သာ အချိန်ကုန်ဖြစ်သည်

"ထယ်ယောင်း ဒီကိုလာလေ ကျနော်လုပ်ထားတဲ့ပန်းစီးလေးပြမယ် ဟီး "

အဝါနုရောင် ဆွယ်တာအကျီလေးကိုဝတ်ဆင်ထားသောဖြူနုနုကောင်လေးရဲ့ တောက်ပတဲ့အပြုံးလေး နှစ်နှစ်ခြိုက်ခြိုက်ကို သူ့ကိုပြုံးပြနေခဲ့တာ အခိုက်အတန့် ဒီအခိုက်တန့်လေးက ထယ်ယောင်း နှလုံးခုန်နှုန်းမြန်လွန်းလို့အသက်ရှု့ဖို့တောင်မေ့လောက်သည်အထိပင် ဒီအပြုံးလှလှလေးဟာ သူ့ကိုပြုံးပြနေခဲ့တာသူ့အတွက်ဖြစ်တည်လာတဲ့အပြုံးလေးပါတဲ့လေ ထယ်ယောင်းသိပ်ကိုလိုချင်ခဲ့တဲ့အပြုံးလှလှလေး ကိုမင်းအပေါ်အများကြီး ပျော်ဝင်နေမိပြီ ချစ်တယ် ကလေးငယ်

"ထယ်ယောင်း လာလေဗျာ .."
သူဘယ်လောက်တောင်ငေးနေမိတယ်မသိ ဖြူဖြူလျလျ လက်ဖဝါးငယ်လေးရဲ့ဆွဲခေါ်ရာမှ သူအသိဝင်လာခဲ့တယ် ကလေးရဲ့ ခေါ်ဆောင်ရာနောက်ကိုသာ သူလိုက်ပါမိသည် သူ့မျက်ဝန်းတွေဟာ ကလေးငယ်ဆီသို့သာဦးတည်နေသည် သူ့အကြည့်မလွှဲနိုင်အောင်ထယ်ယောင်းအပိုင်လေးဟာလှရက်လွန်းသည်

"ကျနော် လုပ်ထားတာလှလားဟင် ထယ်ယောင်း ဒီပန်းစီးလေးကလေ ညကအိပ်မပျော်လို့လုပ်ထားတာ ပြီးတော့ မနက်ထယ်ယောင်းလာရင်ပေးမလို့လေ "

Love Equation❣️Where stories live. Discover now