unicode
လူချမ်းသာ ရက်ကွက်တစ်ခု ကင်အိမ်တော်မှ
ထွက်ပေါ်လာသော အသံတစ်သံ "ဖေဖေ ကျေးဇူးပြု၍ ကျွန်တော်ကို Usကို မပို့ပါနဲ့။" ကျွန်တော်မသွားချင်ဘူး။ "ဖေဖေနဲ့ အတူတူနေချင်တယ်"ဟုခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ဖခင်ဖြစ်တဲ့သူအား ငိုယို၍တောင်းပန်ခဲ့သော်လည်း သူ၏ဖခင်
ဖြစ်သူကင်မင်ဟိုကတော့ ဘာမှပြန်မဖြေဘဲ မကြားချင်ယောင်ဆောင်ပြီး သူ့သား၏အခန်းထဲမှ ထွက်သွားခဲ့သည်။သခင်ကြီးရဲ့သားကို လွှတ်ဖို့က အရမ်းခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် သခင်လေးကို ဒီလို အဝေးကိုပို့လိုက်တာ ကအကောင်းဆုံးဆိုတာ သခင်ကြီးလည်းသိပါတယ်လို့ ကင်မင်ဟိုရဲ့ အတွင်းရေးမှူးဖြစ်သူ လီဒိုယောင်းက ပြောလိုက်တယ်။
ကင်မင်ဟိုသည် သားဖြစ်သူ၏အခန်းအပြင်ဘက်မှာ တိတ်တဆိတ်ငိုနေသည့်အတွက် မျက်လုံးများ စိုစွတ်နေပြီး သားဖြစ်သူ၏ငိုသံ ရှိုက်ကြီးတငင် ငိုသံများကိုရှင်းရှင်းလင်းလင်း ကြားနေရသောကြောင့် သူ့သားနဲ့မခွဲချင်သော်လည်း သူ့သားလေး ကင်ဆော့ဂျင်ကို သေချာဂရုစိုက်ဖို့ သူ့အတွင်းရေးမှူးဖြစ်သူ လီဒိုယောင်းကို သေချာမှာနေရသည်။
"ဒီမှာ ဒိုယောင်း ဒီဆေးကို သားလေးဆော့ဂျင် ထုတ်ပိုးထားတဲ့ အိတ်ထဲမှာသေချာသိမ်းထားပြီး ဒီဆေးကို ဆော့ဂျင်နဲ့အတူ
ထည့်ပေးလိုက်မယ့်။ဆော့ဂျင်လေးကို ငယ်ငယ်တည်းက ထိန်းလာခဲ့တဲ့ ဆော့ဂျင်လေးရဲ့ နို့ထိန်းအဒေါ်ကြီးဆိုး ကိုလည်း နေ့တိုင်းတိုက်ဖို့ သတိပေးထားလိုက်တယ်။ ဒီဆေးက သဘာဝအတိုင်းထုတ်လုပ်ထားတာပါ သားလေးကို ဒီယုတ်မာတဲ့ လူအဖွဲ့အစည်းကနေ လွှတ်လိုက်ရတဲ့ အကြောင်းအရင်းက သူ့ဘဝရဲ့ အရေးကြီးဆုံး လျှိုဝှက်ချက်ကို ငါထုတ်ဖော်တာထက် သူကြီးပြင်းလာတဲ့အခါ သူဘယ်တုန်းကမှ မသိခဲ့ဘူးဆိုရင် ဒီအကြောင်းကို ဘယ်သူကိုမှ မပြောမိပါစေနဲ့။ မင်းနဲ့ငါကြားမှ လျှိုဝှက်ချက်ထားလိမ့်မယ်ဟု ကင်မင်ဟိုကပြောကာ အနက်ရောင်သေတ္တာလေးကို လီဒိုယောင်းကို ပေးခဲ့ပြီး သူ့အိမ်မှ ထွက်လာခဲ့သည်။>>>>>
ညနေခင်းရောက်လို့ ကင်မင်ဟို သူ့အိမ်သို့ပြန်ရောက်တဲ့အခါ သူ့အိမ်က အရမ်းတိတ်ဆိတ်နေပြီး စိတ်မသက်မသာ ခံစားနေရသည်။ အိမ်ထဲမှ အဖိုးတန် အရာတစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရတယ်။ သားဖြစ်သူ၏ အခန်းကို ပြေးသွားကာ အခန်းလွတ်ကိုတွေ့ပြီး ဒူးထောက်ကာ ငိုချလိုက်သည်။ သားဖြစ်သူက သူ့ကို ထားသွားပြီ ။ ကင်မင်ဟိုသည် ကိုရီးယားနိုင်ငံ၏အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး သူ့မှာ ပါဝါရော ငွေပါရှိနေသော်လည်း သူ့ကလေးကိုတော့ ကာကွယ်ပေးနိုင်မည်ဟု မသေချာသဖြင့် သူ့သားက သူ့ကိုယ်သူ ကာကွယ်နိုင်သူ ဖြစ်လာသည်အထိ ဝေးဝေးနေတာက ပိုကောင်းပါတယ်။