ကျွန်တော့်နာမည် မြင့်မြတ်ဟိန်းပါ
ကျွန်တော်က အိမ်မှာ အငယ်ဆုံးနဲ့အဆိုးဆုံးသူလို့ပြောလည်း မမှားပါဘူး။
တကယ်လည်းကျွန်တော်က ဆိုးပါတယ်။
အိမ်မှာဆို ကျွန်တော်ကအမြဲတမ်းအလိုလိုက်တာကိုခံရတဲ့အတွက် ကျွန်တော့်ဘဝမှာ မရနိုင်ဘူးဆိုတာမရှိသလောက်ရှားပါတယ်။
အပေါင်းအသင်းလည်းများသလို ပိုက်ဆံကိုလည်းပေါပေါလောလောဖြုန်းတက်ပါတယ်။
နောက်တစ်ခုက အချစ်။
ကျွန်တော့်ဘဝမှာ အချစ်ကအပေါဆုံးပဲ ရည်းစားတစ်ယောက်ကို
၁ ပတ်ပြည့်အောင်တောင်မထားဖူးသေးဘူး အများဆုံးထားခဲ့ရင်လည်း ၁ လပဲ ။
ကောင်မလေးတွေကလည်းဗျာ ကျွန်တော့်အတွက်က သိမ့်မခက်သလိုပဲ အရမ်းကိုလွယ်ကြတာဗျ တကယ်ကစားလို့အရမ်းကောင်းတယ်
အော်. . .မေ့နေတာ ရည်းစားဆိုလို့ မိန်းခလေးတွေကြီးပဲထားဖူးတာမဟုတ်ဘူးနော် အခုခေတ်က အချင်းချင်းလည်းအပြန်အလှန်ကြိုက်လို့ရတဲ့ခေတ်ဖြစ်နေပြီလေ အမှန်တိုင်းပြောရရင် ယောက်ျားသားတစ်ယောက်နဲ့လည်း ကျွန်တော်တွဲခဲ့ဖူးပါတယ် သူကတော့
၁လ လည်းမဟုတ်သလို ၁နှစ်လည်းမဟုတ်ပြန်ဘူး ၁ရက်၂ရက်လောက်နဲ့ပျက်ရမယ့်သူလည်း မဟုတ်သေးဘူး သူက ကျွန်တော့်ထက်တော့ အသက်ကြီးတယ် သူ့နေရာမှာတခြားမိန်းခလေးသာဆိုရင် စိတ်မပါတော့တဲ့အခါ လမ်းခွဲပြတ်ဆဲရုံပဲလေ။
သူကတော့ အဲ့လိုမဟုတ်ဘူး ကျွန်တော်သူ့ကိုချစ်လားဆိုတော့လည်း သူ့ကိုမချစ်ပြန်ဘူး တစ်မျိုးကောင်းတာလေးက သူနဲ့ကျွန်တော်က ယောက်ျားလေးချင်းအတူတူ သူက ကျွန်တော့်ကိုအမြဲအလျှော့ပေးတယ် ကျွန်တော်ဘာအပြစ်ပဲလုပ်လုပ် နားလည်ပေးတယ် တစ်ခုခုဖြစ်လာလျှင်လည်း သူက အစ်ကိုတစ်ယောက်လို
ဂရုစိုက်ပြန်တယ် လိုအပ်တာရှိလည်းလုပ်ပေးတယ် ခိုင်းရင်လည်း
မညည်းညူ အကုန်လိုက်လုပ်ပေးတယ်။
ဒီလိုမျိုးတွေက ယောက်ျားလေးမှာ ကိုယ့်ချစ်သူကောင်မလေးကိုပဲဂရုစိုက်ပြီးလုပ်ပေးရမှာမဟုတ်လား ကျွန်တော်ကအစ တခြားလူကိုပဲလုပ်ပေးခဲ့ဖူးတာလေ ယခုလိုမျိုး ကိုယ့်ကိုလာပြီးဂရုစိုက်နေတာမျိုးမှမခံဘူးပဲ။
ဒါပေမယ့် ကျွန်တော် အဲ့ဒီယောက်ျားသားကိုမချစ်ဘူး
Boy Loveတွေ
ခေတ်စားလာတာနဲ့အမျှ ကျွန်တော်ထားဖူးလေ့ရှိအောင်တွဲကြည့်ရုံလေးပဲ သူ့ကိုတကယ်မချစ်ဘူး။
ဒါပေမယ့် ကျွန်တော်အဆင်ပြေတယ် ဒီတစ်ယောက်က ကျွန်တော်
ကြိုးဆွဲရာကမယ့်ရုပ်သေးရုပ်လေးမို့ မပစ်ရက်ပဲဘေးနားရှိစေခဲ့တာ
ကျွန်တော်မလိုမှ လွင့်ပစ်ရုံပေါ့ လောလောဆယ်တော့ ပစ်လို့မရသေးဘူး သူကလည်း ကစားလို့ကောင်းတယ် တစ်ခါတလေ Gayဖြစ်နေတဲ့သူတို့လေးတွေကို သိမ့်သနားတာပဲ
တကယ်ချစ်သလိုလိုနဲ့ လိမ်ညာလှည့်ပြားနေတဲ့တစ်ချို့ယောက်ျားသားတွေရဲ့စကားကို ယုံပြီးအတည်ယူနေကြတာ စဥ်းစားစရာဗျာ
ဘယ်ယောက်ျားက သူတို့လိုGayသမားတွေကို အတည်ယူပြီး လက်ထပ်ချင်ပါ့မလဲ နောက်ဆုံး ကိုယ့်နားကပဲ ပါသွားတာမို့လား
ကျွန်တော့်လိုပေါ့ ကျွန်တော့်လို ယောက်ျားစစ်စစ်က ဘယ်gayတွေကိုမှ အတည်မယူဘူး အခုလက်ရှိတစ်ယောက်ကိုလည်း Gayလိုမထင်ပါဘူး သူ့ပုံက ကျားကျားပဲမို့ ယောက်ျားတော့စစ်လောက်မှာပါ။
ဒါပေမယ့် သူ့စိတ်က မိန်းမစိတ်ပဲပေါက်နေလို့လား မပြောတက်ဘူး ကျွန်တော့်လိုငဆိုးတစ်ယောက် သူက လာချစ်ရဲတယ်ဆိုတော့
သူလည်း အတွင်းစိတ်က Gayတွေလိုမျိုးပဲ ဖြစ်နေတာ နေမှာပါ ။
YOU ARE READING
မိုးကောင်းကင်မှ ကိုယ့်ရဲ့ '' ကြယ် ''
Romanceသုံးပွင့်ဆိုင်လေးပါ တစ်ခါမှမရေးဖူးသေးလို့အမှားလေးတွေသည်းခံခွင့်လွတ်ပေးကြပါရှင့်😊🙏