ွကျွန်တော် ဒက်ဒီကို အရမ်းချစ်တယ်။
ကိုကို့ ကိုလည်းချစ်တယ်။
နွေးထွေးမှုတွေပြည့်နက်နေပြီး သောကတွေမရှိတဲ ပျှော်ရွှင်စရာမိသားစုဘဝလေးကို ကျွန်တော်သိမ့်မြတ်နိုးခဲ့တယ်။
မာမီမရှိတော့တဲ့အချိန်ကစလို့ ကျွန်တော့်ဘဝမှာ ကျွန်တော်အချစ်ရဆုံးသူက ဒက်ဒီပဲပေါ့။
ဒက်ဒီက ကျွန်တော့်ကိုဆို သိမ့်ချစ်တာလေ ။
အခုတော့ ကျွန်တော့်ဘဝက ဘာတွေဖြစ်လို့ဖြစ်နေမှန်းကိုမသိတော့အောင် စိတ်တွေရှုပ်လွန်းလို့ အိမ်မှာမနေချင်ပဲ တခြားမြို့ငယ်လေးတစ်ခုဆီကို ပြောင်းလာခဲ့တော့တယ်။
ွယခုအချိန် ကျွန်တော်ဟာ လေလွင့်ငှတ်တစ်ကောင်ပါ။
လွတ်လပ်စွာအပြင်ဘက်သို့ပျံသန်းလာခဲ့ပေမယ့် စိတ်တွေက နေခဲ့ဖူးသည့် အိမ်ငယ်လေးဆီကိုပဲ ရောက်နေခဲ့တယ်။
သတိရစိတ်၊ တမ်းတမိတဲ့စိတ်၊ လွမ်းရတဲ့စိတ်တွေရယ် မွန်းကျက်နေရတဲ့ ရင်ဘက်ထဲကနာကျင်မှုတွေရယ်နှင့် ကျွန်တော်မေ့ပြီး
အိပ်လို့မပျော်နိုင်တဲ့ညပေါင်းတွေဟာ မနည်းတော့ပါ။
ကျွန်တော် ဒက်ဒီကို တစ်နေ့မှမေ့လို့မရခဲ့ဘူး။
ကျွန်တော်မျှော်လင့်နေမိတာ ဒက်ဒီ ကျွန်တော့်ဆီကိုပြန်လာဖို့ပါ။
ယခုအချိန်ထိ မျှော်လင့်နေတုန်းပါပဲ။
ယခုချိန်ထိကိုလည်း ကျွန်တော့်ရင်ဘက်ထဲမှာ ဒဏ်ရာတွေနှင့်
နာကျင်စွာခံစားနေရတုန်းပါ ။
ကျွန်တော်သိလိုက်ရပါပြီလေ
ဒက်ဒီက ကျွန်တော့်ကို သူ့ရင်ဘက်ကြီးထဲက လုံးဝ ထုတ်ပစ်လိုက်ပြီထင်တာပဲ ။( နေရဲရင့်သော် )
YOU ARE READING
မိုးကောင်းကင်မှ ကိုယ့်ရဲ့ '' ကြယ် ''
Storie d'amoreသုံးပွင့်ဆိုင်လေးပါ တစ်ခါမှမရေးဖူးသေးလို့အမှားလေးတွေသည်းခံခွင့်လွတ်ပေးကြပါရှင့်😊🙏