Part-14

2.6K 211 5
                                    

ရှောင်းကျန့်ရိပေါ်ရဲ့ရင်ခွင်ထဲမှာ မြုတ်နေပြီးရိပေါ်ကိုတင်းကျပ်စွာပဲဖက်ထားမိတယ်။ လှည့်စားမယ်ဆိုရင်တောင်သူက ချစ်နေမိမယ်ထင်တယ်။ ရိပေါ်ကသူ့ကိုပြန်လည်ပွေ့ဖက်ပြီး နှဖူးကိုနမ်းလိုက်တဲ့အခါ ရိပေါ်နိုးပြီဆိုတာသူသိလိုက်တယ်။

"ကိုကို ကျွန်တော့်ကိုမချစ်တာ အံ့ဩစရာပဲ။"

"မင်းကသာကိုယ့်ကို ချစ်လားချစ်လားမေးနေတာ။ ကိုယ်မင်းကိုချစ်တာ လူတိုင်းသိတယ်။"

ရှောင်းကျန့်ပြုံးရိပ်သန်းပြီးသူ့ကိုမော့ကြည့်လာတယ်။

"အဲ့တာဆို ကျွန်တော့်ကိုချစ်တယ်လို့ဆိုလိုတာလား။"

"ရှောင်ချွမ်းတောင် သိတယ်။ မင်းကဘာလို့မသိတာလဲ "

"လာပြန်ပြီ။ အဲ့နာမည်ကိုထည့်ပြောပြန်ပြီ။ ထည့်ပြောစရာမလိုဘူး။ ကျွန်တော်ကမသိပဲနေမှာလား။ကိုယ့်ယောက်ျားဆီကချစ်တယ်လို့ ပြောတာကြားချင်လို့ခနခနမေးနေတာကို သဘောမပေါက်တဲ့ ကိုကိုကသာ ငတုံးကြီး။"

"အား...နောက်မပြောတော့ဘူး။ ချစ်တယ်။ ချစ်တယ်။"

ရှောင်းကျန့်ကသူ့ဗိုက်ခေါက်ကိုဆွဲလိမ်ပစ်လိုက်တယ်။ နုံချင်ဦး။

ရှောင်းကျန့်ကျောင်းသွားဖို့ပြင်ဆင်ရန် ထလိုက်တော့ ရိပေါ်ကသူ့အနောက်ကနေခါးကို ဖက်ပြီးအဝတ်ဘီဒိုရှေ့မှာရပ်လိုက်တယ်။ ပြီးတော့ဘီဒိုကိုဖွင့်လိုက်တယ်။

"မင်း စရောက်တည်းက အဆင်သင့် ဝတ်လို့ရအောင် အဝတ်စားတွေအစီတကျ ဘယ်သူဝယ်ထည့်ထားတာလဲ။ "

ပြီးတော့ နောက်ထပ်စားပွဲရှေ့ကိုသွားပြီး အံဆွဲကြီးကိုဖွင့်လိုက်တယ်။

"မင်းစာအုပ်ကုန်ရင် စာအုပ်။ ဘောပင်ကုန်ရင်ဘောပင် လိုအပ်တာတွေကို ဒီအံဆွဲထဲနတ်တွေ သကြားတွေ လာထည့်ပေးထားတယ်ထင်လို့လား။ note မှတ်တဲ့စက္ကူသေးသေးလေးတွေကအစ သေးသေးလေးကနေကြီးကြီးထိ ဆိုဒ်စုံ။ ခေါင်းကနေ ခြေအဆုံး လိမ်းစရာ skin care အပြည့် အဲ့တာတွေက အလိုလို ဒီအခန်းထဲရောက်နေပါ့မလား။"

ရှောင်းကျန့်သူပြတာတွေကို ငေးနေမိတယ်။

"ကိုယ့်ကိုကိုယ်လဲ ဒီလောက်ထိ လုပ်ထားတာကို ခုမှသတိထားမိတယ်။ ခြံထဲက အမျိုးသမီးပြောမှ ကိုယ်သတိထားမိတာ။"

မုန်းတယ်|| မုန်းတယ် (Completed )Where stories live. Discover now