final

2.8K 184 11
                                    

ရှောင်ချွမ်းရဲ့အမေမျက်နှာက ကျေနပ်မှုပြည့်ဝစွာသားဖြစ်သူဖုန်းပြောနေတာကိုကြည့်နေတယ်။ ဖုန်းက စပီကာဖွင့်ထားတာမို့ အားလုံးပြတ်ပြတ်သားသားကြားရတယ်။ သူ့တောင်းဆိုမှုအတိုင်း ရှောင်ချွမ်းက ပြည်ပမှာအခြေချဖို့တောင်းဆိုတယ်။ရိပေါ်ကလည်းလက်ခံတယ်။

"ရိပေါ် မင်းသူ့ကို တစ်နာရီအတွင်းလာရွေးပါ။"

"အင်း.....အား....ကျွတ် ကျွတ်...."

ရှောင်းကျန့်က တလှုပ်လှုပ်ထလာတယ်။

"ရှောင်းကျန့်ကိုပြ။ အဲ့တာမှယုံမယ်။ မင်းငါ့ကိုလှည့်စားတာများပြီ။"

ရိပေါ်ကတစ်ဖက်ကနေ vd call တောင်းဆိုတယ်။

"မင်းမြန်မြန်မလာရင် ငါသူ့ကိုတစ်ခုခုလုပ်မိလိမ့်မယ်။"

"ကောင်းပြီ။ ခုလာခဲ့မယ်။"

ရိပေါ်ဖက်ကဖုန်းချလိုက်တယ်။ ‌ရှောင်ချွမ်းက ခပ်ညစ်ညစ်ပြုံးလျှက် ရှောင်းကျန့်ခေါင်းမှာစွပ်ထားတဲ့ အဝတ်မဲကို ဖြုတ်လိုက်တယ်။

"ဟင်....မင်း...!"

-------

ရိပေါ် ကသူ့ ကားပေါ်မှာထိုင်ရင်း ရှောင်းကျန့်နဲ့ vd call ပြောရင်း ရှောင် ချွမ်းနဲ့ဖုန်းပြောနေတာကိုချလိုက်တယ်။ ရှောင်းကျန့်ကသူတို့နောက်ဖေးချောင်းမှာ ပေပွနေအောင်ငါးတွေနှိုက်ပြနေတယ်။

"ကိုကို....ကိုကို..ဒီမှာကြည့်။"

ရိပေါ်ချစ်မဝစွာကြည့်ရင်းပြုံးလိုက်တယ်။ ချစ်ရသူကို အချိန်မှီကယ်တင်နိုင်လို့လည်း ဘုရားကိုကျေးဇူးတင်တယ်။ ရှောင်ချွမ်းအမေသေပြီဆိုတော့ အကြွေးရှင်တွေအများကြီးကျန်ခဲ့တယ်။ အဲ့ထဲမှာ အိမ်ကိုလာသိမ်းတဲ့အကြွေးရှင်ဆီက အိမ်ကိုအတိုးနဲ့ပြန်ရွေးခဲ့တယ်။ လူမိုက်တွေနဲ့အလုပ်လုပ်နေတဲ့ အဲ့ဒီကြွေးရှင်က ရှောင်းကျန့်ကိုပြန်ပေးဆွဲမယ့်အကြောင်း တပည့်တွေဆီက တစ်စွန်းတစ်စကြားပြီး ဖုန်းဆက်သတိပေးလာတယ်။ ခုလောက်ဆို ရှောင်ချွမ်းတို့သားအမိ စခန်းရောက်နေလောက်ပြီ။ ရှောင်းကျန့်နဲ့ ပုံစံဆင်တဲ့ ရဲတစ်ယောက်ကို ရှောင်းကျန့်ပုံစံဆင်ပေးထားခဲ့တော့ သူတို့ရှောင်းကျန့်ထင်ပြီးမှားဖမ်းသွားခဲ့တာ။
_____

မုန္းတယ္|| မုန်းတယ် (Completed )Where stories live. Discover now