မနက်ကြတော့ရှောင်းကျန့်ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်ရဲဘူး။ ရှက်နေတာဆိုပိုမှန်လိမ့်မယ်။ခနခန စက်ယှက်ဖူးပါရက်နဲ့ အခုတစ်ခေါက်ကဘယ်လိုဖြစ်သွားလည်းစဉ်းစားမရပဲ ရှက်နေတာပဲသိတော့တယ်။ ဒီနေ့ရိပေါ်အပြင်သွားရမယ်လို့လည်းကြားတယ်။ဒါ ကြောင့်ဝရံတာမှာထွက်ပြီးကျောခိုင်းရပ်နေလိုက်တယ်။ ရိပေါ်အပြင်ထွက်မှပဲသူပြန်ဝင်လာမယ်လို့တွေးထားတယ်။
အဲ့အချိန်မှာ မထင်မှတ်ပဲ သူ့ခါးကိုနောက်ကနေ ပွေ့ဖက်ခြင်းခံလိုက်ရတယ်။ ပြီးတော့သူ့လည်တိုင်လေးကို ခပ်ပြင်းပြင်းလေးနမ်းရှိုက်တယ်။
"အလုပ်သွားမလို့."
ရှောင်းကျန့်စိတ်လှုပ်ရှားပြီး ဝရံတာကို လက်သည်းလေးနဲ့ကုတ်နေမိတယ်။ ပြီးတော့မဝံ့မရဲဖြင့်
"သွားလေ။"
"မင်းကိုအသိပေးတာ။"
"........."
ရှောင်းကျန့်ရင်တွေ တလှပ်လှပ်ကိုတုန်ယင်ပြီး နှလုံးခုန်သံကပါမြန်လာတယ်။
"ယောက်ျားအပြင်သွားတော့မှာကို အနမ်းလေးမပေးတော့ဘူးလား။"
အရမ်းချစ်တဲ့ဇနီးမောင်နှံနှစ်ဦး ခံစားနေရတဲ့အချိန်ရုတ်တရက် အားလုံးကအတုတွေဆိုတဲ့ အတွေးဝင်လာတာကြောင့် ရှောင်းကျန့်နောက်ဆုတ်လိုက်တယ်။
"ကောင်းကောင်းသွားပါ။"
ရှောင်းကျန့် ချက်ချင်းအိမ်ထဲဝင်ပြေးသွားပြီး သူမမြင်နိုင်တဲ့နေရာမှာသွားနေလိုက်တယ်။ ရိပေါ်လည်းနောက်ကျမှာစိုးလို့သူ့နောက်ဆက်မလိုက်တော့ပေ။
____
/ယမ်ယမ်/အဲ့အချိန်မှာပဲယမ်ယမ်ကမက်ဆေ့ပို့လာတယ်။
/ငါဒီနေ့ ကောင်လေးနဲ့ date တယ်။ ကျောင်းမလာ ဖြစ်ဘူး။/
/ငါလည်းမလာဖြစ်ဘူး။/
/ဘာလို့လဲ။ တစ်ခုခုဖြစ်လို့လား။/
/အင်း.../
/ဘာဖြစ်တာလဲပြောကွစိတ်ပူနေပြီ။ရုပ်ရှင်ရုံထဲရောက်နေလို့ဖုန်းခေါ်မရဘူး။/
/ငါ ငါ့ယောက်ျားကိုချစ်မိနေပြီထင်တယ်။/
/ဖာ့../