Khao.." ပါး သားပြန်ရောက်ပီ။"
Khao အရင်ဆုံး သူ့ပါးရှိတဲ့ မီးဖိုခန်းထဲဝင်သွားခဲ့တယ်။ Khaoက သူ့ပါးရဲ့ခါးကို အနောက်ဖက်လိုက်ရင်း ကပ်ချွဲနေတော့တယ်။
Khao.." ပါး~~~ သားပြန်ရောက်ပါပီလို့။ "
ပါး.. " အော် tung ပါးမကြားလိုက်လို့ပါ။ ဒီလိုရော ဘယ်လိုလဲ ကျောင်းမှာ။"
Khao.." အဆင်ပြေတယ် ပါး။ သားပြောစရာရှိလို့။"
ပါး.." ပြောလေ။"
Khao.." သားက ကျောင်းကို တစ်ပတ်နောက်ကျပီးတက်တော့ အရင်အပတ်ကစာတွေကို ပြန်ပြပေးဖို့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားတယ်။ အဲဒါ မနက်ဖြန်ကျရင် သူ့ကိုအိမ်ခေါ်ထားတယ်။ ရတယ်မလား....."
ပါး.." ရတာပေါ့။ ဘာလို့မရရမှာလဲ။ စာလုပ်ကြမှာပဲကို။
Khao.." ကျေးဇူးတင်ပါတယ်။ ပါးက အကောင်းဆုံးပဲ။ ပါးကိုအချစ်ဆုံးပဲ။"
နောက်တစ်နေ့ First ရဲ့အိမ်တွင်
First တစ်ယောက် ဒီနေ့ အရင်ကထက် ပိုပီး စောစောနိုးနေတယ်။ အမှန်တော့ khao အိမ်သွားရမယ်ဆိုတဲ့ အတွေးနဲ့ သူစိတ်လှုပ်ရှားနေတာပါ။ ပျော်နေတာလဲပါတာပေါ့။ အရင်က ကျောင်းကိုသေချာ မပြင်မဆင်ပဲ သွားလေ့ရှိတဲ့ First က အခုတော့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားတယ်။ ပီးတော့ အနံ့အသက်ကောင်းအောင် ရေမွှေးအနည်းငယ်လဲစွတ်ထားပီး ဆံပင်ကိုလဲ သေချာဖြီးထားသေးတယ်။ သူ့ကိုသူကို မှန်ထဲမှာ ကြည့်ရင်း မျက်နှာမှာလဲ အပြုံးမပျက်။ သူတော်တော် ပျော်နေတဲ့ပုံပါပဲ။ အဲ့ဒီနောက် ရုတ်တရက် တံခါးဖွင့်သံကြားလိုက်တယ်။ သူများအခန်းတံခါးကို မဖွင့်ခင် တံခါးမခေါက်ပဲ ဝင်လာတဲ့ သူကြောင့် Firstရဲ့ မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားတယ်။
" သား First ဒီနေ့ကျောင်းကို လမ်းလျှောက်သွားလိုက်နော်။ အမေ့ကားက ပျက်သွားလို့လေ။ အဲဒါ ဒီနေ့သွားစရာရှိလို့ သား First ရဲ့ကားကို ယူသွားမလို့။"
First.." ဟုတ် အဒေါ်.."
First ကသူ့မိထွေးကို အေးစက်စက် အသံနဲ့ ပြန်ပြောလိုက်တယ်။
YOU ARE READING
My Beautiful Omega
Fanfiction" ကိုယ် မင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး။ မင်းကို ချစ်တယ် သူငယ်ချင်းလို မဟုတ်ဘူး။ မင်းကိုယ်နဲ့ တွဲနိုင်မလား။ မင်းမတွဲနိုင်ဘူးဆို ကိုယ်နဲ့ဝေးဝေးနေပေးပါ။ မင်းကိုယ့်အနားမှာ ရှိရင် ကိုယ်ကိုကိုယ့် မထိန်းချုပ်နိုင်ပဲ မင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုတဲ့အရာတွ...