Khaoကအရှေ့ကနေ First ရဲ့လက်ကို ဆွဲပီး သူ့အိမ်ထဲကို ဝင်သွားတယ်။ အထဲရောက်တော့ Khaoက Firstကို လှည့်မကြည့်ပဲ ကျောပဲ ပေးထားတယ်။ Khaoက ရှက်ပီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူ First ကို ဘာလို့ အထဲကို ခေါ်လာမိလဲ ဆိုတာ သူ့ကိုသူနားမလည်ဘူး။ First ကသူ့ရှေ့က သူ့ကို နောက်ကျောပေးထားတဲ့ ဂုတ်ပိုးတွေ၊ နားရွက်တွေ နီရဲနေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို အနောက်ကနေ ခါးကိုဖက်လိုက်တယ်။ သူ့ရဲ့ မျက်နှာကို Khaoရဲ့ လည်ပင်းမှာ အပ်ထားလိုက်ပီး Khaoရဲ့ အနံ့ကို ရှူရှိက်နေတယ်။ Khaoက သူ့ရဲ့ ခါးပေါ်ကို ရုတ်တရက် ကျရောက်လာတဲ့ လက်တွေကြောင့် အနဲငယ်တွန့်သွားတယ်။ နောက်တော့ သူ့လည်ပင်းနားကနေ First ရဲ့ အသက်ရှုသံကို ကြားနေရပီး သူ့လည်ပင်းကို First ကသူ့မျက်နှာနဲ့ ထိကပ်လိုက်တော့ သူပိုတောင် လန့်သွားတယ်။
First.." Khao...."
First ကKhaoရဲ့ နားကို သူ့နှုတ်ခမ်းနဲ့ ထိလိုက်ပီး Khaoရဲ့ နာမည်ကို သူ့ရဲ့ အသံဩဩနဲ့ လေသံတိုးတိုး လေးနဲ့ခေါ်လိုက်တယ်။ Khaoတစ်ယောက် ကြက်သီးထထားပီး ပြန်ထူးတဲ့ အနေနဲ့ ခေါင်းကို ဖြည်းဖြည်း လေးညိမ့်ပြလိုက်တယ်။
First.." Khaoမင်းသိလား။ ကိုယ် မင်းကို မတွေ့ရတဲ့ အတောအတွင်း မင်းရဲ့ အနံ့လေးကို လွမ်းနေခဲ့တာ။ မင်းရဲ့ ချိုပီး မွှေးတဲ့ အနံ့လေးကိုလေ။ ကိုယ် အရမ်း ကြိုက်တယ်။"
Khao.." ငါလဲ မင်းကို လွမ်းတယ်။"
First.." ကိုယ့်ကို လား။ ကိုယ့်ရဲ့ အနံ့ကို ရော မလွမ်းဘူးလား။ ဟင်?"
First ရဲ့ စကားကြောင့် Khaoက ပိုပီးရှက်လာကာ First ရဲ့ လက်တွေကနေ သူ့ကိုသူ လွှတ်ဖို့ ရုန်းနေတယ်။ ဒါပေမယ့် First က သူ့ထက် အားပိုကြီးနေတော့ သူရုန်းလို့တောင်မရဖြစ်နေတယ်။
Khao." ငါ့ကို လွှတ်..... First..."
First.." ကိုယ်မေးတာ ဖြေလေ။ ကိုယ့်ရဲ့ အနံ့ကို ရော လွမ်းလားလို့။"
Khaoက သူရုန်ူလို့မရတဲ့ အဆုံး First လိုချင်တဲ့ အဖြေကို ပေးလိုက်တယ်။
Khao.." မင်းရဲ့ အနံ့ကို လဲ လွမ်းတယ် ကျေနပ်ပီးလား။ ငါ့ကို လွှတ်ပေးတော့။"
First က Khaoကို မလွှတ်ပေးပဲ Khaoရဲ့ ခါကနေ ကိုင်ပီး သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက နီးကပ်စွာရှိနေပီး တစ်ယောက်ရဲ့ အသက်ရှူသံ တောင်ကို တစ်ယောက်က ခံစားနေရပီ။ First က Khaoရဲ့ လှပတဲ့ မျက်နှာ၊ ကိုက်ထျင်စရာ ကောင်းတဲ့ နှာခေါင်း၊ နမ်းချင်စရာ ကောင်းတဲ့ နီရဲနေတဲ့နှုတ်ခမ်းလေးတွေ၊ အရောင်လက်နေပီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးလေးတွေ၊ ရှက်ပီး နီရဲရဲ ဖြစ်နေတဲ့ ပါးပြင်၊ ကော့ဆင်ပီး ရှည်နေတဲ့ မျက်တောင်လေးတွေကို တစ်ခုချင်း သေချာ ဘယ်တော့မှမမေ့ရလိုက်အောင် ကြည့်နေတယ်။
YOU ARE READING
My Beautiful Omega
Fanfiction" ကိုယ် မင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး။ မင်းကို ချစ်တယ် သူငယ်ချင်းလို မဟုတ်ဘူး။ မင်းကိုယ်နဲ့ တွဲနိုင်မလား။ မင်းမတွဲနိုင်ဘူးဆို ကိုယ်နဲ့ဝေးဝေးနေပေးပါ။ မင်းကိုယ့်အနားမှာ ရှိရင် ကိုယ်ကိုကိုယ့် မထိန်းချုပ်နိုင်ပဲ မင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုတဲ့အရာတွ...