Chapter 2

316 22 2
                                    

Khaoကလှမ်းခေါ်နေပေမယ့် First တစ်ယောက်သူ့အတွေးထဲမျှောနေတယ်။

Khao.. **သူတို့ပြောသလိုပါပဲလား။ ငါတို့ကိုစကားမပြောချင်ဘူးထင်တယ်။ ငါလဲသူစိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်တာကောင်းတယ်။**

Khao..." တောင်းပန်ပါတယ်၊ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ငါသွားလိုက်အုန်းမယ်။"

Khao တစ်ယောက် မုန့်ဈေးတန်းဘက်ကိုလျှောက်လာတယ်။ လူတွေအများကြီးပဲ။ သူ့အတွက်‌ မုန့်မကျန်မှာအောင်စိုးရိမ်နေရတယ်။

Khao.." ဘာစားစရာကျန်သေးလဲ အန်တီ.."

..." အာ... ကလေး မင်းနောက်ကျသွားပီ။ အန်တီတို့ဆီမှာ စားစာရာကုန်သွားပီ။.."

Khao.." ဟင်! ဒီလောက်အစောကြီးကို ဘယ်လိုလုပ်??.."

..." ကလေးက အသစ်လား။ စိတ်မကောင်းဘူး။ ကလေးရေ မင်းစောစောလာရင်တော့ ရမှာပါ။ ဒီမှာက နောက်ကျရင်တော့ မင်းအတွက် ကျန်မှာမဟုတ်ဘူးကွယ်။.."

Khao.." ဟုတ်ကဲ့ပါ..."

Khao တစ်ယောက်မုန့်မရပဲစာသင်ခန်းကို ပြန်လာခဲ့တယ်။ သူဗိုက်ဆာနေပီ။ အိမ်ကနေ နေ့လည်စာယူလာဖို့ကိုလဲ မေ့ခဲ့တယ်။ အခုဒီမှာကလဲကုန်သွားပီ။ သူခေါင်းမှောက်ကာ မျက်လုံးပိတ်ထားလိုက်တယ်။ ရုတ်တရက် သူ့ခုံပေါ်ကို တစ်ခုခုကျလာတော့ သူကြည့်လိုက်တော့ ယိုပေါင်မုန့်တစ်ထုပ်။

First.." ရော့ ဒီဟာစားထားလိုက်၊ မင်းနောက်ကျသွားတော့ မုန့်မရလာဘူးမလား။"

First က khaoကိုမကြည့်ပဲ မျက်နှာလွှဲနေရင်း ပြောလာတယ်။ သူ့ရဲ့နားတွေလဲ အနည်းငယ်ရဲနေတယ်။

Khao.." ကျေးဇူးတင်ပါတယ်။ ငါလဲတော်တော်ဗိုက်ဆာနေတာ။ ကျေးဇူးပဲ။ "

Khao ကတက်တက်ကြွကြွပြော လာတယ်။

First.." ရပါတယ်.."

Khao.." မင်းရောစားပီးပီလား။ မစားဘူးလား။ "

First.." ငါစားပီးပီ။ .... ဒါနဲ့ ငါ့နာမည်က
First..။ ပြန်မိတ်ဆက်တာ နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ဒီအတိုင်း ရုတ်တရက်စကားလာပြောတော့ ဘာပြန်ပြောရမှန်း မသိဖြစ်နေ
လို့......"

My Beautiful OmegaWhere stories live. Discover now