ဟောဟဲ ဟောဟဲနဲ့ ရုံးခန်းထဲ အပြေးဝင်ပြီး လက်ဗွေနှိပ်တော့ ၉နာရီ ၂၆ မိနစ်။ ကိုယ့်နေရာကိုယ်ရောက်ပြီး လွယ်အိတ်ကို ချလိုက်ပြီးမှ အာဂေါင်ခြစ်အော်လိုက်တယ်။
"အားးးးး၊ ငါ့တစ်သောင်းလေး။ ဟိုခွေးသားကြောင့်သာ မဟုတ်ရင် တစ်သောင်းဖြတ်ခံရမှာမဟုတ်တာကို၊ ရှီးဘား"
တွေးလေတွေးလေ ဒေါသတွေ အလိပ်လိုက် ထွက်လေ ဖြစ်လာတယ်။
"နောက်ကျမယ်မှန်းသိရင် တစ်ချက်လောက် ပြေးရိုက်ခဲ့ရမှာ"
ဆောင့်ကြီးအောင့်ကြီးနဲ့ ရှေ့တူရူက လက်ပတော့ကို ဖွင့်လိုက်တယ်။ မနက်တိုင်းလုပ်နေကျဖြစ်တဲ့ email ကို အရင်စစ်၊ ပြီးရင် Microsoft team က chat တွေမှာ ဘာ တွေပြောထားလဲ စစ်၊ နောက်ဆုံးကျ ဘာ task တွေ assign ချထားပြီလဲဆိုတာ စစ်ပြီးတော့ အမောထိုင်ဖြေနေတော့တယ်။
သောက်ရေးထဲ မီးကပျက်ရတဲ့အထဲ ပြတင်းပေါက်က sun shade နဲ့ လာငြိနေလို့ အပြည့်ဖွင့်မရတာနဲ့ sun shade တပ်ပေးခဲ့တဲ့လူကိုမဲ၊ မီးမလာလို့ ဆိုလာမနိုင်တာနဲ့ အဲကွန်းဖွင့်မရလို့ အလုပ်ရှင်ကို မဲ။ နောက်ဆုံးတော့ အချိန်မှီမရောက်အောင် လုပ်ခဲ့တဲ့ ဟိုသကောင့်သားဆီပဲ ဒေါသတွေ ပြန်စုပုံလာတော့တယ်။
နောက်ဆုံးအနေနဲ့ တောက်တစ်ချက်ခေါက်ပြီး လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေလိုက်တော့တယ်။
မျက်နှာရှစ်ခေါက်ချိုးနဲ့ ဘူနေတဲ့ သူ့ရုပ်ကြီးမြင်ပြီး ပရောဂျက်မန်နေဂျာလည်း မခေါ်ရဲ၊ သူ့သူငယ်ချင်း ဖြိုးသော်လည်း စကားမစရဲနဲ့ ဖြစ်နေတယ်။ မန်နေဂျာက ဖြိုးသော်ကို လက်တို့ပြီး "ဘာတွေဖြစ်လာတာလဲ၊ လန့်စရာကြီး" လို့မေးတော့
ဖြိုးသော်က ပခုံးတွန့်ပြရင်း "မေးကြည့်လိုက်ဦးမယ်" ဆိုပြီး ယုမွန် လက်မောင်းကို မထိတထိသွားတို့တယ်။
"ဟဲ့၊ ဘာဖြစ်လာတာလဲ"
ယုမွန်က ပွန်းပဲ့တဲ့ သူ့လက်ဖဝါးကို ပြတော့မှ ဖြိုးသော်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
"ကားတိုက်လာတာလား" တဲ့။
ယုမွန်က မျက်စောင်းတစ်ချက်ထိုးပြီး
YOU ARE READING
Love by Accident || Normal
Romanceဘဝမှာ ကိုယ်ဖြုန်းချင်ရာဖြုန်းနိုင်ဖို့ ရုံးတက်ပြီးအလုပ်လုပ်တာဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ယုမွန်ရယ်။ ငယ်ငယ်ကထဲက ပိုးမွေးသလို မွေးခံရပေမဲ့ မိဘအလိုကျ နိုင်ငံခြားပညာတော်သင်သွား၊ ပြန်လာတာနဲ့ ကုမ္ပဏီမှာ အမွေဆက်ခံသူလုပ်နေရတဲ့ အသက် ၃၆ နှစ်အရွယ် ရဲရင့်ရယ်။ ကိုယ...