Chapter - 2

10 2 4
                                    

အခန်းထဲ တစ်ချက်ဝေ့ဝိုက်ကြည့်ရင်း သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် ခဏလောက် တွေဝေစွာနဲ့ ရပ်ကြည့်မိတယ်။

"ကိုရဲရင့်..."

လက်အမူအယာနဲ့ ဒီဘက်ကြွလို့ ပြောနေတဲ့ COO ကြောင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှေ့ဆုံးဘက်က သူ့အတွက်လို့ ရည်ရွယ်တဲ့ ဆုံလယ်ကုလားထိုင်ဆီ ဦးတည်သွားပြီး ထိုင်လိုက်တယ်။

COO က သူ့ဘေးနားရပ်လိုက်ပြီး အားလုံးကို ထိုင်ဖို့အချက်ပြလိုက်တာနဲ့ အကုန်လုံး မတ်တပ်ရပ်နေရာက ထိုင်ကြတယ်။

"ကဲ ဒီနေ့ ရှင်တို့ကို ခေါ်တဲ့ရည်ရွယ်ချက်က ကျွန်မတို့ရဲ့ အရင် CEO က ကျန်းမာရေးကြောင့် အလုပ်တွေနားလိုက်တာမလို့ ဒီက ကိုရဲရင့်က CEO အနေနဲ့ အလုပ်တွေ ဆက်လုပ်သွားမှာဖြစ်တယ်။ လုပ်ငန်းကတော့ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်သွားမှာဖြစ်သလို အခုကိစ္စတွေကိုလည်း အရင် CEO ကျန်းမာရေး recovery ပြန်ဖြစ်တဲ့အထိ ဟောဒီက ကိုရဲရင့်ကပဲ တာဝန်ယူသွားမှာဖြစ်တယ်။ ဆိုတော့ ကိုရဲရင့် ဘာပြောစရာရှိဦးမလဲ"

ကိုရဲရင့်က ရုံးသူရုံးသားတစ်ယောက်ချင်းစီကို အကဲခတ်ကြည့်ရင်းကနေ ယုမွန်ဆီ အကြည့်တွေရောက်တော့ ယုမွန်က မျက်လွှာချလိုက်တယ်။

သူ့ကိုကြည့်နေမှန်းသိတော့ ခေါင်းငုံ့ရင်း ဘေးက ဖြိုးသော်ကြားအောင် နှစ်ကိုယ်ကြား ပြောလိုက်တယ်။

"ကြက်သီးထလိုက်တာဟာ"

"အပေါ့သွားချင်လို့လား"

"နင့်မေကလွှားက ငါ့ကြည့်နေတယ်လေ"

အံကြိတ်ပြီး ခပ်တိုးတိုးပြောတော့ ဖြိုးသော်က CEO ကို လှမ်းကြည့်မိပြီး အကြည့်ချင်းဆုံသွားတယ်။

CEO လည်း ကဗျာကယာ မျက်နှာလွှဲပြီး COO ရဲ့ အမေးကို ထဖြေဖို့လုပ်တယ်။

"အဟမ်း၊ ကျွန်တော့်နာမည်ကတော့ ရဲရင့်နိုင်ပါ။ အမေရိကားမှာ MBA ဘွဲ့ယူပြီး အဲ့ဒီက ကုမ္ပဏီတစ်ခုမှာပဲ Product Manager အနေနဲ့ လုပ်ပါတယ်။ အခုတော့ ဒီကုမ္ပဏီမှာ ကူညီဖို့ မြန်မာပြည်ပြန်လာတာဖြစ်ပါတယ်။ ကျွန်တော်က အခုမှလူသစ်ဆိုတော့ ကုမ္ပဏီလည်ပတ်ပုံကို လေ့လာသင်ယူရဦးမှာဆိုတော့ ဟောဒီက မိတ်ဆွေတွေ ကူညီလမ်းပြပေးမယ်လို့ ယုံကြည်ပါတယ်။"

Love by Accident || NormalWhere stories live. Discover now