"နှောင့်ယှက်မိသွားလားခင်ဗျ"
အသံကို ကြားတော့ အတွေးတွေထဲ ဖြတ်ခနဲ ဝင်ရောက်လာတာက ဟိုစက်ဘီးသမားဖြစ်နေတာကြောင့် သူ့မျက်မှောင်ကို ကြုတ်လိုက်မိတယ်။ သူ့မျက်နှာအနေအထားကြောင့် တစ်ဖက်လူက အားတုံ့အားနာဖြစ်သွားတယ်။
"ဆောရီးဗျာ။ အနှောင့်အယှက်ပေးမိတယ်နဲ့တူတယ်"
တစ်ဖက်က အသံကြားတော့မှ ပြာပြာသလဲ လက်ကာပြရင်း
"မဟုတ်တာရှင်။ ရုတ်တရက်ဆိုတော့..."
အခုမှ သေချာ တစ်ဖက်လူရဲ့ မျက်နှာကို ကြည့်မိတော့ ရိတ်ပြီးခါစ နှုတ်ခမ်းမွှေးခပ်ရေးရေးပုံက မနက်က သူ့ကို ဝင်တိုက်သွားတဲ့ စက်ဘီးသမားနဲ့ ဆင်လိုက်တာလို့ တွေးနေမိတယ်။
"မဖြစ်နိုင်တာ။ ဟိုလူက သူ့လောက် ယဉ်ကျေးပါ့မလား"
စိတ်ထဲတွေးရင်း အသံမထွက်လာတော့ တစ်ဖက်လူကပဲ ထပ်မေးလိုက်တယ်။
"စိတ်မရှိရင် ကျွန်တော့်ကို HR ရုံးခန်းကို ညွှန်ပြပေးလို့ရမလားဗျ"
"အာ.. ဟုတ်။ တည့်တည့်သွားပြီး ညာချိုး၊ ပြီးရင် နည်းနည်းဆက်လျှောက်ပြီး ဘယ်ချိုးရင် ရောက်ပြီ"
မြွေလိမ်မြွေကောက်လို သူ့လက်နဲ့ပါ ညွှန်ပြနေတာကို ကြည့်ပြီး မှတ်ရခက်နေတဲ့ပုံ ပေါ်နေတာကြောင့် မထူးတော့တဲ့အဆုံး
"ကျွန်မပဲ လိုက်ပို့ပေးပါ့မယ်" လို့ ပြောပြီး အရှေ့က သွားလိုက်တော့တယ်။
"ကျေးဇူးပါဗျ"
လျှောက်လမ်းကနေ ညာဘက်ချိုးလိုက်တော့ ရုတ်တရက် နံရံစောင်းနဲ့ ညာဘက်ပခုံးတိုက်မိသွားတာကြောင့် လွှတ်ခနဲ အော်လိုက်မိတယ်။ အစောတုန်းက ပွန်းပဲ့ဒဏ်ရာဟာ ပခုံးမှာပါ ပွန်းနေခဲ့မှန်း သတိရတော့တယ်။
ညာဘက်ပခုံးကိုကိုင်ပြီး နာကျင်နေတဲ့ ယုမွန်ရဲ့မျက်နှာကို တွေ့တော့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကပျာကယာဖြစ်သွားပြီး
"ဘာဖြစ်တာလဲ၊ ရရဲ့လား။ ဆေးခန်းပြဖို့လိုလား"
"ရ...ရပါတယ်။ ရှေ့တည့်တည့်လျှောက်ပြီး ဘယ်ချိုးလိုက်ရင် HR ရုံးခန်းရောက်ပြီနော်။ စိတ်မရှိနဲ့နော်၊ ကျွန်မ အခန်းပြန်ပြီး ဆေးသွားလိမ်းလိုက်ဦးမယ်"
YOU ARE READING
Love by Accident || Normal
Romanceဘဝမှာ ကိုယ်ဖြုန်းချင်ရာဖြုန်းနိုင်ဖို့ ရုံးတက်ပြီးအလုပ်လုပ်တာဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ယုမွန်ရယ်။ ငယ်ငယ်ကထဲက ပိုးမွေးသလို မွေးခံရပေမဲ့ မိဘအလိုကျ နိုင်ငံခြားပညာတော်သင်သွား၊ ပြန်လာတာနဲ့ ကုမ္ပဏီမှာ အမွေဆက်ခံသူလုပ်နေရတဲ့ အသက် ၃၆ နှစ်အရွယ် ရဲရင့်ရယ်။ ကိုယ...