Uni_
ရှောင်းကျန့်တစ်ယောက် ဖူထုံဈေးထဲရောက်နေသည်။မတွေ့ရတာ နှစ်ကာလကြာပြီဖြစ်သည့် ငယ်သူငယ်ချင်းဖြစ်သူ ကျင်းဟွမ်ရဲ့ စီးပွားရေးအား လာရောက်အားပေးခြင်းဖြစ်သည်။သို့သော် ဈေးဆိုင်လေးက လူကျလာသောကြောင့် အားပေးခြင်းမှသည် ကူပေးခြင်းအဖြစ်သို့ ရောက်ရှိသွားရသည်။ကျင်းဟွမ်ရဲ့လက်ရာကစွမ်းလှသည်။ကြော်ပြီးသား မုန့်များဟာ ခဏတွင်းချင်း ကုန်သွားသောကြောင့် အသစ်ထပ်ကြော်ဖို့ ပြင်ရတော့သည်။ကျင်းဟွမ်ခမျာတစ်ယောက်တည်း မနားမနေ အလုပ်ဇယ်ဇတ်သလိုလုပ်နေရသောကြောင့် ရှောင်းကျန့်ကမနေနိုင်ဘဲ ဝင်ကူမိသည်။
“မုန့်နှစ်စပ်ရဦးမယ်မဟုတ်လား၊သွားလေ ငါအိုးထဲကအကြော်တွေကို ဆက်ကြည့်ထားပေးမယ်၊ရရင်ဆယ်ပြီးဆီစစ်ထားပေးမယ်”
အမှန်တကယ်အကူညီလိုအပ်နေသောကြောင့်ဖြစ်မည်။ကျင်းဟွမ်ဟာ မငြင်းတော့ဘဲ သူ၏အကူညီကိုလက်ခံလိုက်သည်။
“အဲ့ဒါဆို ငါ့ကိုခဏကြည့်ထားပေးဦးနော်၊ငါမုန့်နှစ်အတွက် လိုအပ်တာလေးပြေးဝယ်လိုက်ဦးမယ်”
“ဟင်၊ပစ္စည်းသွားဝယ်ရဦးမှာလား၊အဲ့ဒါဆိုငါသွားဝယ်ပေးမယ်လေ၊ဘယ်ဆိုင်လဲသာပြော”
“ရတယ်၊ရတယ်၊မဝေးဘူး ခဏပဲ ငါပြေးသွားလိုက်မယ်”
ကျင်းဟွမ်က သူ့ကို အားနာနေခြင်းဖြစ်သည်။ခပ်သုတ်သုတ်ထွက်သွားသော သူငယ်ချင်းဖြစ်သူ၏ ကျောပြင်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ကျင်းဟွမ်၏စကားက မှန်ပုံရ၏။မကြာလိုက်သည့် အချိန်တွင်း ကျင်းဟွမ်ပြန်ရောက်လာသည်။ပြေးလာရသောကြောင့် ကျင်းဟွမ်ခမျာအသက်ကို အမောတကောရှူရှိုက်နရသည်။
“ဘာကြောင့်များပြေးလာရတာလဲ၊ဖြည်းဖြည်းလာလည်း ရသားပဲကို၊ဆိုင်မှာ ငါကြည့်ထားပေးပါ့မယ်ဆို”
“ငါမင်းကိုအားနာလို့ပါ”
“အချင်းချင်းကို ဘာအားနာစရာရှိလဲ၊ဒါတွေရလောက်ပြီမလား”
“အင်းအင်း၊ရပြီရပြီ၊ငါဆယ်လိုက်မယ်”
“ငါလုပ်ပေးပါ့မယ်၊မင်းကမုန့်နှစ်စပ်လိုက်လေ၊စောင့်နေတဲ့သူတွေက အများကြီး”
YOU ARE READING
Zhǔ Rén ( Master )
Fanfiction° ကျူရန် ° "မင်းရဲ့ကျူရန်က ဘယ်သူလဲ " " ဘယ်သူက ကျူရန်အစစ်လဲ ၊ပြောပါဦး " WangYibo&XiaoZhan. AOB World, Fantasy,Yaoi . YiZhan Fanfiction.