ကဗျာတွေဆိုတာ အချိန်ပေးရတယ် ဖတ်ဖို့ရာ၊ ထိတွေ့ဖို့ရာဆို ခေါင်းထဲ သူ့အတွက် နေရာလေး ထားရတယ်
ဆောင်းရဲ့ နွေးပြပြ နေရောင်အောက်မှာ အနံ့စုံတဲ့ ကဗျာတွေ.. ဒီနေ့တော့ ဖတ်ဖြစ်မိပါတယ်။ ခံစားရတာ ထပ်ပြီး သိမ်မွေ့တဲ့ အချစ်ကြောင်းတွေပါပဲ။
ဒီစာအုပ်တွေကိုဆို မဖတ်ဘဲ သိမ်းရ၊ အနံ့မပြယ်အောင် သိမ်းရနဲ့ ရုပ်ဝတ္တု ပစ္စည်းတွေပေါ်မှာတောင် စွဲရစွဲနဲ့
အမည်နာမလေး တစ်ခုကိုဆို မိုးလင်းက မိုးချုပ်ထိ ဦးနှောက်ထဲ တစ်ရောက်ရောက်ပါပဲ။
ဒီနေ့မှာလည်း လွမ်းတာပေါ့..