မာရနနိုးလာတော့ သူ့ဘေးမှာနတ်သမျှလှပတဲ့လူသားက
မေးထောက်ကာအိပ်ပျော်နေသည်
ထိုလူသားလှပုံများ ရေသူမျိုးနွယ်ရဲ့ချောပေ့လှပေ့ အလှပဂေးတွေထိုင်ငိုလောက်သည်
သို့သော်အလှအပအားသူကြာကြမရှုစားနိုင်ပါ
သူ့မျိုးနွယ်အတွက် ဖူးစာရှင်ရှာရဦးမှာဖြစ်တာကြောင့် ကုတင်ပေါ်ကဆင်းလိုက်သည်"ခလွမ်း! "
"ရှစ်! "
လူသားကဲ့သို့ခြေထောက်တွေကိုကောင်းစွာအသုံးမချတတ်သေးတဲ့ မာရနဟာပထမခြေလှမ်းမှာတင်
ကျရှုံးသွားပြီး ကြွေထည်တွေကိုကွဲကြေစေခဲ့သည်
ထိုအသံတွေကြောင့်အိပ်ပျော်နေတဲ့အလှလေးဟာနိုးလာပြီး
"အသင်သတိရနေရင် ကျွန်ုပ်ကိုနှိုးလိုက်ရောပေါ့" ဟုဆိုလာသည်
အဲ့ဒီနောက် သူအားလာတွဲကူပြီး ကုတင်ပေါ်ပြန်ထိုင်စေသည်"အသင့်ခြေထောက်တွေက အအေးလွန်ပြီးထုံနေတာ လတ်တလောလမ်းလျှောက်လို့မရလောက်ဘူး"
မာရနခေါင်းငြိမ့်ပြလိုက်သည်
"ဗိုက်ဆာပြီလား ..."
မာရနထပ်မံခေါင်းငြိမ့်ပြလိုက်သည်
စောရီဟာဆရာတစ်လုံးမှမဆိုလာသူကြောင့် စကားမှပြောတတ်လေစဟုတွေးမိသွားသည်"အသင်စကားမပြောနိုင်ဘူးလား..."
"ကျွန်ုပ်ပြောတတ်ပါတယ်"
နမိတ်ဟောဆရာကြီးရဲ့ခိုင်းစေချက်ကြောင့် သူဟာလူသားဘာသာစကားကိုသင်ကြားဖူးသည်
သို့သော်ဒီဘာသာစကားကိုပြောရမှာ ဝန်လေးသည်"သခင်ငယ်...သခင်ငယ်"
အခန်းထဲအလောတကြီးပြေးဝင်လာတဲ့ သူကိုစောရီတို့နှစ်ယောက်လုံးလှည့်ကြည့်လိုက်သည်
"ရင်မြ အဘယ်ကြောင့်ပြေးလွှားနေရတာလဲ"
"မြို့သခင်ရောက်နေလို့...သူ..သူက "
ရင်မြပြောမဲ့စကားကိုနားလည်လိုက်တဲ့ စောရီကရင်မြကိုအခန်းပြန်ခေါ်ထုတ်သွားသည်
မာရနသူသိလို့မဖြစ်တဲ့အကြောင်းအရာကိုဆွေးနွေးကြမလို့ဟု တွေးမိပေမဲ့ စိတ်ဆောင်နေတာကြောင့်ချောင်းကြည့်မိသွားသည်"မြို့သခင်အဘယ်ကြောင့် ဒီအရှင့်ဆီကြွမြန်းလာတာလဲ"
စောရီ ရေနွေးကြမ်းသောက်ပြီးဇိမ်ခံနေတဲ့မြို့သခင်စောရာမကိုခပ်စူးစူးကြည့်ပေးလိုက်သည်
ဒီလူကသူ့အပေါ်အာဏာပြပြီးဖိနှိပ်ထားချင်နေတာ

YOU ARE READING
🌊အဏ္ဏဝါချစ်သူ🌊
Romanceဤဇာတ်လမ်းသည် အဏ္ဏဝါချစ်ပုံပြင်ဇာတ်လမ်းတွဲကိုကျောရိုးယူရေးသားထားခြင်းဖြစ်သည်