《3》

212 8 0
                                    

စောရီဟာလည်း အချိန်အတော်ကြာတဲ့အထိမာရနပုံမပြောင်းသွားမှ
ရင်ထဲကအလုံးကြီးကျသွားပြီး ခပ်ဟဟရယ်လိုက်သည်

"ဘယ်လိုလဲ မြို့သခင်အသင်လိုချင်တဲ့အဖြေရရဲ့လား...."

စောရာမရဲ့မျက်နှာကလွန်စွာပျက်ယွင်းသွားပြီး
လက်သီးခပ်တင်းတင်းဆုပ်လိုက်သည်

မြို့သခင်ရဲ့ကမ္ဘာပျက်ပုံကိုကြည့်ရတာ အရသာရှိလွန်းတာကြောင့်
စောရီစိတ်ကျေနပ်မိသည်

"မြို့သခင် စောနက​ပြောထားတဲ့စကားကိုရောမှတ်မိပါရဲ့..."

"သေချာပေါက်ကျွန်ုပ်ဘယ်မေ့ပါ့မလဲ"

"ကောင်းတယ် မြို့သခင်ကကိုယ့်စကားကိုယ်တည်သားဘဲ
ရင်မြပင်လယ်ရေအင်တုံနဲ့ခပ်လာခဲ့..."

ရင်မြကသိပ်မကြာခင် ပင်လယ်ရေအပြည့်ထည့်ထားတဲ့အင်တုံကိုယူဆောင်လာခဲ့သည်

"သခင်ငယ် ရပါပြီ"

"အင်း အဲ့ရေနဲ့မြို့သခင်ကိုလောင်းလိုက်.."

"ဒါက..."
ရင်မြတုန့်ဆိုင်းနေမိသည်
မြို့သခင်ကအာဏာရှိအသိုင်းအဝိုင်းကလေ သူလက်လွတ်စပယ် မထိရဲဘူး

"ဘာလုပ်နေတာလဲ! အခုမလောင်းသေးဘူးလား"
နီးရာဓါးကြောက်ရဆိုတဲ့စကားပုံအတိုင်း အခုသူမသခင်ကိုပိုကြောက်ရသည့်အတွက်
မြို့သခင်အားယူဆောင်လာသည့် ရေနှင့်လောင်းလိုက်သည်

အေးစိမ်နေသည့်ပင်လယ်ရေက ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီးသည့်အခါ
စောရာမဒေါသတကြီးဖြင့်ဆတ်ကနဲလှည့်ထွက်လိုက်သည်
ဒီနေ့အရှက်ကွဲခဲ့ရတာအတွက်အသင်ပြန်ပေးဆပ်ရလိမ့်မယ်စောရီ.....

"အသင်နဲ့သူက ရန်ငြိုးရှိသလား..."

တစ်ဖက်လူဒေါသထွက်သွားတာကိုပြုံးနေသည့် ကျေးဇူးရှင်ကြောင့်
မာရနထုတ်မေးလိုက်သည်

"ဆိုပါတော့ သူနဲ့ကျွန်ုပ်ကြားမှာ ဖြေရှင်းမရတဲ့အငြိုးတွေရှိတယ်...
ဒါနဲ့ အသင့်နာမည်ကို ကျွန်ုပ်မသိရသေးဘူးနော်..."

"ကျွန်ုပ်နာမည်ကမာရနပါ
လားရာအရပ်က...."

"အသင်မပြောချင်တဲ့အကြောင်းကို ပြောပြစရာမလိုပါဘူး"
တစ်ဖက်လူမပြောချင်တဲ့အရာကိုအတင်းမသိလိုတာကြောင့်စောရီကြိုပိတ်ပေးလိုက်သည်
ထိုအခါမှမာရနကစိတ်သက်သာရာရသွားပုံပေါ်သည်

🌊အဏ္ဏဝါချစ်သူ🌊Where stories live. Discover now