RTS _ 2#[ဆင်တူယိုးမား သေဆုံးမှုများ]
နောက်ကျောဆီမှ တဆစ်ဆစ်နာကျင်မှု ကြောင့် လီယွန် မျက်ရိုးများ တွန့်ချိုးသွား၏။မျက်နှာဆီ တိုးဝင်လာသည့် အေးစိမ့်စိမ့် လေအချို့က လီယွန် အိပ်စပ်မှုအား နောက်ယှက်လာခဲ့သည်။အသိစိတ်အနည်းငယ် ကပ်လာချိန် အလိုမကျမှုကြောင့် မျက်ခုံးအား တွန့်ချိုးမိလိုက်၏။အမှောင်ထုထဲ၌ လီယွန်မျက်ဝန်းတွေ ပွင့်လာလေသည်။စွန်ရဲတစ်ကောင်လို စူးရှတောက်ပသည့် အကြည့်တို့က အိပ်ယာနှင့် ခပ်လှမ်းလှမ်းရှိ ဝရန်တာဆီ ရောက်ရှိသွားလေသည်။ခေါင်းအုံးဘေးက အေးစက်စက် ဓားမြှောင်အား လျှင်မြန်စွာ ယူလိုက်၏။
ဝရန်တာနှင့် သူ့အခန်းအား ခြားထားသည့် လိုက်ကာတွင် အရိပ်တစ်ခု ထင်နေလေ၏။ထိုအရိပ်မှာ လူပုံစံရှိသည်ဟု ခန့်မှန်းရသည်။လီယွန်၏ နှလုံးခုန်သံတို့ ပုံမှန်ထက် အနည်းငယ် မြန်လာသည်။လီယွန်အခန်းက အမှောင်ထုဖြစ်နေသည်အား အခွင့်ယူ၍ အသံတိတ်ထလိုက်၏။ဖခင်ဖြစ်သူ၏ သင်ကြားမှုအတိုင်း ကိုယ်ဖော့၍ ထိုဆီကို လျှောက်လမ်းလာခဲ့သည်။
ခြေလှမ်းတစ်လမ်းဆီတိုင်းတွင် အသိနှင့်သတိတို့ ကပ်ထား၏။ဓားမြှောင်အား လက်ထဲတွင် မြဲမြံစွာ ကိုင်ထားသည်။သူ့အာရုံနှင့် စိတ်ဝိညာဉ်တစ်ခုလုံးသည် ထိုအရိပ်ဆီတွင် ရှေးရှုထားလျက်။လီယွန်ပုံစံသည် သားကောင်ကို ချောင်းနေသည့် သားရဲတစ်ကောင် အလား။
ညရဲ့တိတ်ဆိတ်မှုသည် ကြောက်မက်ဖွယ် တိတ်ဆိတ်နေလျက်။လက်တစ်ဖက်က လိုက်ကာအား ဖယ်ရှားခြင်းနှင့်အတူ ကျန်တစ်ဖက်က ဓားမြှောင်အား ကိုင်မြှောက်ခါ ဝရန်တာဆီ ထွက်လိုက်၏။သို့ပေမဲ့ ဝရန်တာတွင် ဘာမျှ ရှိမနေခဲ့။
မဖြစ်နိုင်တာ။လီယွန် အကြည့် မမှားပေ။လိုက်ကာတွင် လူရိပ်ထင်ဟက် နေခဲ့သာ သေချာ၏။မြို့ဟောင်းမြို့၏ ချောက်ချားမှု တစ်ခုပေလား။လီယွန် ဓားမြှောင်ကိုင်ထား သည့် လက်အား အောက်ချလိုက်၏။
" !! အ..... !! "
လီယွန် မျက်လုံးများ တစ်မဟုတ်ချင်း စူးရှလာခဲ့လေသည်။အနောက်မှ သူ့ဂုတ်အား တင်းကြပ်စွာ ဆုပ်ကိုင်လာသည့် လက်တစ်ဖက်ကြောင့် တိုးရှရှထွက်သွားသည့် သတိလက်လွှတ် အသံပေ။ထူးဆန်းစွာ လီယွန် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍ မရတော့။ဂုတ်တစ်ခုလုံးအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် အေးစက်စက် လက်။ချွန်မြမြ လက်သည်းရှည်တွေရှိမှန်းလည်း မမြင်ရပေမဲ့ အထိအတွေ့မှ ခံစားမိ၏။
YOU ARE READING
Rewrite the stars
Fantasy#photo cover ★pinterest #main roles - Lenon Lord★Nova Brendan #writer- ninestar★ #2023 last night.....I begin★ #Zawgyi+Unicode