RTS★4

50 1 0
                                    


RTS _ 4

#[လူသားပိစိလေးရဲ့ ခြိမ်းခြောက်ခြင်းခံရခြင်း]

အမှောင်ထုအား အံတုနေသည့် မီးအိမ်ငယ်လေးတစ်ခုသည် မြေအောက်ခန်းတစ်ခုဝယ် တည်ရှိနေ၏။သူ၏ အလင်းရောင် ဖျော့တော့တော့တို့ဖြင့် သက်တန်းကြာရှည်နေပြီ ဖြစ်တဲ့ ပန်းချီကားချပ်အား အမှောင်ထုအတွင်းဝယ် အစွမ်းကုန် တောက်ပနေစေလျက်။ထိုမီးအလင်းရောင်ကို အားပြု၍ ပန်းချီကားချပ်အား မမှိန်မသုန် စိုက်ကြည့်နေသူလည်း ရှိ၏။လက်နောက်ပြန်ပြစ်ခါ ခန္ဓာကိုယ်အား မားမားမတ်မတ် ရပ်တည်၍ ပန်းချီကားအား စူးစိုက်စွာ ကြည့်နေသည်။ သူရဲ့ မျက်ဝန်းတို့၌ ဖော်ပြရန်ခက်ခဲလှသည့် လေးလက်နက်မှုတို့လည်း တည်ရှိနေသည်။

သူ့ရှေ့ရှိ လူတစ်ရပ်စာပန်းချီကားချပ်မှာ စုတ်ချက်တို့က မပြည့်စုံတော့ချေ။နေရာတော်တော်များများက ပျောက်ဆုံးနေချေ၏။ဆေးရောင်တို့သည်လည်း မှိန်ဖျော့ဖျော့ဖြင့်။

ကျန်နေသေးသည့် ပုံဖော်မှုအချို့သည် စစ်သည်တော် ဝတ်စုံ ဖြင့် လူတစ်ယောက်။ သူရဲ့ကျောပြင်ကျယ်ကြီးမှာ အနီရောင်တောက်တောက် ဝတ်ရုံလွှာက လေထဲတွင် ယိမ်းနွဲ့နေဟန်ဖြင့် ဖုံးလွှမ်းထားလေ၏ ။ထိုကျောပြင်ရဲ့ ရက်စက်မှု၊နာကြီးမှု ၊ခါးသီးမှုတို့က မျက်နှာ မမြင်ရသည်တောင် ခံစားသိရှိနိုင်၏။ မာန်ပါစွာဖြင့် လေထဲတွင် ချွန်မြမြ ဓားရှည်အား ကိုင်မြှောက်ထားသည်။သူ၏ ပုံစံသည် အပြစ်သားအား ကွက်မျက်ရန် ဟန်ပြင်နေပုံပေ။သူ၏ ရှေ့တွင်တော့ မြေပြင်တွင် ခပ်ယို့ယို့ ထိုင်နေသည့် လူတစ်ဦးလည်းပါ၏။သို့ပေမဲ့ မျက်နှာသည်တော့ မမြင်ရတော့ပေ။ဆေးအချို့ပြယ်ကာ ဝါးတားတား ဖြစ်နေသည်။လက်သွယ်သွယ်တို့အား သံကြိုးများဖြင့် ချုပ်နှောင်ထားသေး၏။ဖြူလွလွဝတ်စုံလေးသည် သွေးစတို့က ဟိုတစ ဒီတစ။

တဝက်သာပုံပေါ်တော့သည့် ကောင်းကင်ကြီးသည် တိမ်ညို ၊တိမ်မည်းတို့က အပြည့်နှင့်။အနက်ရောင် ကျီးကန်းများက ဝဲပျံနေလျက်။
ဤသည်သာ ကျန်ရှိတော့သည့် ကားချပ်ကြီးအား မမှိတ်မသုန် စိုက်ကြည့်ရင်း ဖြစ်တည်လာသည့် ခံစားချက်တို့က ဖမ်းဆုပ်ထားဖို့ရာ ခဲယဥ်းလှ၏။တခါတလေ စိတ်ကို ကြည်နူးစေသလို၊အများစုကတော့ နာကျင်ရခြင်းတွေသာ ဖြစ်လေသည်။

Rewrite the starsWhere stories live. Discover now