RTS★6

58 1 0
                                    


RTS _6

#[ကူးစက်ခံ သွေးစုပ်ကောင်များ]

နိုဗာဘရန်ဒန်၏ စွမ်းအားကြောင့် လေထဲတွင် လွင့်ပါလာသည့် သားဖြစ်သူအား သူမသည် အနောက်ကနေ ထိန်းပွေ့ကာ လည်မျိုအား ထားနဲ့ ထိုးလိုက်၏။

!!!!ခီး......ဂစ်.ဂစ်.ဂစ်..... အားးးးးးးးးးးးးး!!!!!

သားဖြစ်သူ၏ ရင်ကွဲမတက် နာကျင်စွာ အော်ဟစ်သံက သူမ နားစည်အား ကွဲထွက်သွားတော့မလို။တဆက်ဆက် တုန်ယဥ်နေသည်က လက်တို့တင်မဟုတ် သူမခန္ဓာကိုယ် တစ်ခုလုံးပင်။

ကံကြမ္မာသည် မတရားလိုက်ပါဘိ။နာကျင်ရခြင်းက သူမ အတွက်တော့ သေခြင်းတရားထက်ပင် ဝမ်းနည်းဖွယ်ကောင်းလှ၏။မြေပြင်တွင် လဲကျနေသော သားဖြစ်သူ တောမန့်စ်ဘေးတွင် အရုပ်ကြိုးပျက် သူမ ထိုင်ချလိုက်မိသည်။ပါးပြင်ထက် ကျလာသည့် မျက်ရည်တို့အား ယခုအခါတွင် သူမ သုတ်ပြစ်ဖို့ မကြိုးစားမိတော့ချေ။သူမတို့ ဘဝတွေဟာ အမှန်တော့  သူများခိုင်စေရာ ဖြစ်ရသည့် နယ်ရုပ်တွေသာသာ။သူမတို့ အသက်ဝိညာဉ် သည်လည်း စတေးခံ တွေ။ခံပြင်းစရာ ကောင်းလိုက်တာ။သူမသည် အမှားကျူးလွန်မိ၍ သားဖြစ်သူအား သူမလက်ဖြင့် သေစေရမည် ဆိုသည့် အမိန့်အား မလွန်ဆန်နိုင်ခဲ့ချေ။

တောမန့်စ်၏ လည်မျိုတွင် ထိုးစိုက်နေသော ကနုတ်ပန်းတို့နှင့် ဓားမြှောင်အား သူမ ဖြည်းညင်းစွာ ဆွဲနုတ်လိုက်လေသည်။ခေါင်းဆောင်ဟာ သိပ်ကို ရက်စက်လွန်း၏။သူမရော သူမသားရောသည် ယနေ့ညတွင် နိုဗာဘရန်ဒန်၏ လက်မှ မလွတ်မြောက်နိုင်ဘဲ သေဆုံးရမည်အား သိနေတာတောင် ကိုယ့်ရင်သွေးကို နိုဗာဘရန်ဒန် ထက် အရင် သူမလက်ဖြင့် သတ်ပြစ်ရမယ်တဲ့လေ။ဟက်....။သူတို့ အစီအစဥ်ကို ပျက်အောင်လုပ်မိတဲ့ အပြစ်ဒဏ်တဲ့။အို.... သူမတွင်လည်း လွန်ဆန်နိုင်သည့် စွမ်းအား မရှိပါကော ။အ  မိန့်ကို အသက်ထက် လေးစား လိုက်နာခဲ့ရတာဟာ သူမ အမှန်းသိတက်စ အရွယ်ထဲကပဲမလား။အခုတော့ သူမဟာ ကိုယ့်ရင်သွေးကို ကိုယ် သတ်ပြစ်တဲ့ မိခင်တစ်ယောက် ဖြစ်ခဲ့လေပြီ။

သားဖြစ်သူအား ရင်ခွင်ထဲ ဆွဲသွင်းရင်း အသံတိတ် ငိုနေမိ၏။မာမီဟာ သားအတွက် မိခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူးကွယ်။မာမီသားလေး ပြန်လည် မွေးဖွားလာခဲ့ရင် မာမီထက် ကောင်းတဲ့ မိခင်တစ်ယောက် ပိုင်ဆိုင်နိုင်ပါစေ။မာမီကို..... ခွင့်မလွှတ်ပါနဲ့ သား။

Rewrite the starsWhere stories live. Discover now