Chapter 55

2.4K 240 2
                                    

Unicode

လော့ချယ်က တကယ်တော့ Weibo သိပ်မကြည့်ဖူးသလို သူ့မှာ အကောင့်တောင် မရှိဘူး။

ဒီတစ်ခါ သူ log in ဝင်ထားတဲ့အကောင့်က လော့ကျစ်ယွီ သူ့အတွက် လုပ်ပေးထားတဲ့ အကောင့်ပါ။ သူ ဖျော်ဖြေရေးသတင်းတွေကို ကြည့်ချင်တဲ့အချိန်တိုင်း အကောင့်ဝင်လေ့ရှိတယ်။

ဒီအကောင့်ကို အသုံးပြုရတဲ့ အကြောင်းရင်းက  လက်ချော်ပြီး Like ခလုတ်နှိပ်မိမှာ စိုးတာကြောင့်ပင်။ တစ်ခါတလေ ဒီလိုအခြေအနေမျိုးက တကယ်ကြီးရှင်းပြရခက်တယ်။

အခြားအကောင့်ကိုအသုံးပြုတာက ပြဿနာများစွာကို သက်သာစေတယ်လေ။

ဒါပေမယ့် လော့ချယ်က Weibo မှာ အကောင့်ဝင်ဖို့ ခဲယဉ်းပြီး တခြားသူတွေရဲ့ ဖျော်ဖြေရေး အတင်းအဖျင်းတွေကို စိတ်မဝင်စားလှဘူး။ အာရုံစိုက်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေရှိရင်တော့ လော့ကျစ်ယွီက သူ့ကို သီးသန့်ပြောပြလိမ့်မယ်။ သူကိုယ်တိုင်လည်း စိတ်မပူတတ်ဘူး။

ဒါကြောင့် ဒီWeibo အကောင့်ကို log in၀င်တာက လော့ချယ်ရဲ့ ပထမဆုံးအကြိမ်ပဲ။

သူအကောင့်ဝင်ပြီးတာနဲ့ ကုမျန် Fan Support Club ကိုဝင်ပြီး သူ့နာမည်ကိုပြောင်းပြီးနောက် သူ့ရဲ့ပရိုဖိုင်ပုံကိုလည်း ပြောင်းခဲ့တယ်။

လော့ကျစ်ယွီ အံ့သြသွားရတယ်။

လော့ချယ်လိုလူက ဒီလိုမျိုးလုပ်တတ်မယ့်ပုံမပေါ်ဘူး။

ဒါပေမယ့် သူလုပ်ခဲ့တယ်။(supportive boyfriend လေးပါ (⁠☆⁠▽⁠☆⁠))

လော့ကျစ်ယွီရဲ့မေးစေ့က အံ့သြမှုကြောင့် အောက်ကိုပြုတ်ကျသွားတယ်။

ပြီးတော့ သူက မျန်းမျန်ရဲ့သစ်သားအိမ်လေးလို့လည်း နာမည်ပြောင်းလိုက်‌သေးတယ်။

ကောင်းပြီ ၊ဝမ်းကွဲ ၊ မင်း အရမ်းပျင်းနေလို့လား?

ကုမျန် Fan Support Club ကိုဝင်ပြီးနောက် လော့ချယ်က သူတို့ရဲ့ chatအကြောင်းအရာကို အာရုံစိုက်လိုက်တယ်။

[မျန်းမျန်က အဲ့ဒီအဝတ်အစားနဲ့ အရမ်းလှတယ်၊ သူမ အရမ်းကြည့်ကောင်းတာပဲ]

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Место, где живут истории. Откройте их для себя