1

19 3 0
                                    


        မနက်ဝေလီဝေလင်းအချိန်တွင်လှပသောနေလုံးကြီးမထွက်မှီတွင်ထနောင်းရပ်ကွက်လေးမှာတော့ဆူညံလျက်။

သည်လိုအချိန်သည်ထနောင်းရပ်ကွက်၏ရက်ကွက်သူရပ်ကွက်သားများမှာတော့သာမန်အိပ်ရာထချိန်ဖြစ်လို့နေသည်။ဈေးရောင်းသူများကလဲရပ်ကွက်‌ဈေးလေး၌နေရာထိုင်ခင်းများချကာ‌ဈေးရောင်းရန်စတင်ပြင်ဆင်ကြသည်။

နေထွက်ချိန်တွင်တော့ထိုဈေးလေးတွင်လူများတစ်စ တစ်စများလာကာအုတ်အုတ်ကြတ်ကြတ်ဖြစ်လာချေပြီ

ထိုအချိန်သည်ထိုရပ်ကွက်လေး၏ရပ်ကွက်သားများသည်အလုပ်ကိုယ်စီဖြင်အလုပ်သွားကြသည်။

ထိုထဲတွင်အလုပ်မရှိအကိုင်မရှိနေမြင့်မှထသူတစ်ယောက်ရှိသည်
"နေမြင့်နေပြီသားရေထတော့လေ"

"ဟုတ်မေမေခနပဲနော်"

"ဒီကလေးနဲ့တော့နေမြင့်နေပြီကို   အေးအေးဒါဆိုလဲခနနေရင်ထတော့နော်"

ထိုသူမှာအခြားမဟုတ်တစ်အိမ်လုံး၏နှစ်ယောက်မရှိသောအသဲကြော်ပဲလှော် အသဲတစ်ချမ်းပဲကြမ်းလေး လွန်းခေတ္တာမို ပင်။

မိဘများကတစ်ဦးတည်းသောသားလေးဟူဖူးဖူးမှုတ်ထားသောကြောင့်23နှစ်ထိအလုပ်မရှိအကိုင် ရှိထိုင်စားနေခြင်းပင်။

"မိန်းမရယ်အိပ်ပါစေနွေရာသီကျောင်းပိတ်ရက်လေးကို"

"ဟုတ်တယ်ဖေဖေ။ မေမေ့ကိုပြောပြလိုက်"

သားအဖနှစ်ယောက်မိမိအရှေ့တ‌ွင်အတိုင်အဖောက်ညီ‌နေသည်ကိုကြည့်၍စိတ်အချဉ်ဖောက်လာချေပြီ။

"ဟွန်း......ရှင်,ရှင့်သားကိုကြပ်ကြပ်အလိုလိုက်ကြာရင်ရှင့်ကိုပါရောင်းစားသွားလိမ့်မယ်။"

"ဘာမှမဆိုင်ဘဲမိန်းမရာ"

"ရှင် နော် ရှင် ဦး နန္ဒမို ကြည့်နေတာအကောင်းမထင်နဲ့။ကျွန်မဆိုင်ဆိုဆိုင်လိုက်ပေါ့ဘာလဲရှင်က။ရှင့်ကိုရှင်ဘာထင်နေလဲ"

"ကျွန်တော်မျိုး ဒေါ်မြူနှင်းခတ္တာရဲ့ယောက်ျားလို့ထင်ပါတယ်ဗျ "

လွန်းအရှေ့မှမိဘတွေကိုကြည့်ပီုးကြီးလို့အိမ်ထောင်ကျလျှင်ဖေဖေ့လ်ုကိုယ့်မိန်းမကိုချစ်ပြီးဂရုစိုက်မည်ဟုတွေးမိသည်။

The foundation of loveWhere stories live. Discover now