အချိန်တချို့ကြာပြီးတော့ ဇီယွန်မတ်တပ်ထရပ်လိုက်ပြီး အမီလီယာ့ဆီကို လျှောက်သွားလိုက်သည်။
"ကလေးတစ်ယောက်ထဲဆိုရင်တောင် အသက်မရှင်နိုင်လောက်ဘူးဆိုတာ မင်းသိမှာပါ" သူ အခိုင်အမာဆိုလိုက်တယ်။
ဇီယွန်ရဲ့ သြရှရှအသံက အမီလီယာရဲ့ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို နိုးထစေခဲ့တယ်။ သူမ မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်လိုက်သည်။ အမီလီယာ ပြန်မဖြေလာတော့ ဇီယွန် ဆက်ပြောလိုက်သည်။
"မင်းအသက်မရှင်နိုင်ဘူး မဟုတ်ရင်လည်း ငါတို့မျိုးနွယ်တွေဆီကနေ အသတ်ခံရမယ်ဆိုတာ မင်းသိပါတယ်... ငါတို့ အကူအညီအတွက် မင်းရွေးချယ်နိုင်သေးတုန်းပဲ" မျက်ရည်တွေကို ကြည့်လိုက်တော့ သူမပါးပြင်ပေါ်မှာ စီးကျနေတယ်။ ဇီယွန် သူ့ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး သူမရဲ့ နူးညံ့တဲ့ လူသားမျက်နှာလေး ပျက်စီးသွားမှာ စိုးသည့်အလား သူ့ရဲ့ပြီးပြည့်စုံတဲ့ လက်ချောင်းက မျက်ရည်တွေကို ဖြည်းညင်းစွာ သုတ်လိုက်သည်။ မျက်ရည်ရဲ့ အဓိပ္ပာယ်ကို သူနားမလည်ဘူးဆိုပေမယ့် ဒါက သူ့ကို အဆင်ပြေမနေစေဘူး။
"ဘာလို့လဲ?" သူမေးလိုက်သည်။
ဇီယွန် အစကတည်းက အံ့သြနေခဲ့တာ ဖြစ်တယ်။ ဘာလို့ အမီလီယာ သူ့ကို ဆက်သွယ်ခဲ့တာလဲ? ဘာလို့ သူမ လူသားတွေဆီကနေ ထွက်ပြေးချင်ခဲ့တာလဲ? သူမရဲ့ မျိုးနွယ်တွေဆီကနေ သစ္စာဖောက်ခံရလို့ သူမကိုယ်သူမ ဇာ့ဂ်တွေကို ယုံကြည်ဖို့ ဖိအားပေးခဲ့တာလား။ သူမရဲ့ မစ်ရှင်ကိုက ဇာ့ဂ်တွေကို ထပ်ပြီး လှည့်စားဖို့လား။
သူမ သေရမှာ ကြောက်တယ်ဆိုရင် ကလေးကို ဖျက်ချနိုင်တာပဲ အဲ့ဒါအပြင်ကို ကလေးက ဇာ့ဂ်သွေးနှောနေတာလေ။ ဒါပေမဲ့ သူမ မလုပ်ခဲ့ဘူး။ အမီလီယာရဲ့ကုဒ်ကို သူမဖြည်နိုင်ဘူး(သူမရဲ့ အတွေးတွေကို သူနားမလည်နိုင်ဘူး)။ လူသားတွေက အရမ်းရှုပ်ထွေးပြီးတော့ သူတို့မှာ အလိမ်အညာတွေ အရမ်းပေါတယ်။ အဲ့ဒါကြောင့် သူမ သေရမယ်ဆိုတာကို သိတာတောင် ဘာလို့ သူတို့ကို အကူအညီတောင်းခဲ့တာလဲ?
သူမမျက်နှာကို လက်ချောင်းအေးအေးကြီးနဲ့ ထိခံလိုက်ရလို့ အမီလီယာ နည်းနည်းတွန့်သွားတယ်။ ခရမ်းရောင်တောက်တောက် မျက်လုံးတစ်စုံကို ကြည့်ပြီး လှောင်အိမ်ထဲရောက်နေသလို သူမ ခံစားနေရတယ်။ အန္တရာယ်အငွေ့အသက်တွေ ရနေပေမယ့် အမီလီယာ သူ့ရဲ့ ကြောက်လန့်စရာကောင်းတဲ့ အရှိန်အဝါကို တွန်းလှန်နေရသည်။
YOU ARE READING
ငါ့ကလေးတွေရဲ့အဖေက ဂြိုလ်သားတဲ့(MM Translation)
FantasyI don't own this novel. It's a fun translation. All Credit to Original Author and English Translator. Chapter_87+11extra