Chapter 1

311 30 0
                                    

ဟား...(ပြန်လည်ရှင်သန်မှုရဲ့ သက်ပြင်းချသံ)
နောက်ဆုံးတော့...ငါသေသွားပြီ

ငါ ဘယ်လိုသေပြန်တာလဲ?
အာ...ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး

အေးအေးချမ်းချမ်းအိပ်စို့။

..

Beep...Beep...Beep...

ဘာသံလဲ? စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ!

Oh, God! ငါ အေးအေးချမ်းချမ်း ပြန်အိပ်ချင်တယ်လို့!

..

အာ? ဘာဖြစ်တာလဲ? ငါသေသွားပြီ မဟုတ်ဘူးလား?

ချီးပဲ! ငါ့ခန္ဓာကိုယ်က သေအောင်နာတယ်ဟ!

"ဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ! လူသေက အသက်ပြန်ရှင်လာတယ်!" စိတ်လှုပ်ရှားနေတဲ့ အမျိုးသားအသံက ရှင်းပြခဲ့သည်။

"ဂုဏ်ယူပါတယ် Doctor, ကျွန်မတို့ လူနာကို ကယ်နိုင်ပြီ" အမျိုးသမီးအသံကလည်း စိတ်လှုပ်ရှားနေပုံပဲ။

"ဟုတ်တယ်.. ခန္ဓာကိုယ်ကို လုံလုံလောက်လောက်ကောင်းအောင် သေချာလုပ်ပြီးသွားရင် ငါတို့စမ်းသပ်မှုကို စလို့ရပြီ"

"ဟုတ်ကဲ့ Doctor"

ချီး! ဘာဖြစ်တာတုန်း? ငါဘာလို့ လူသံတွေ ကြားနေရတာလဲ? ခဏ! စမ်းသပ်မှု???!!!

..

"ဂုဏ်ယူပါတယ် မြို့စားမင်း.. လူနာက ကိုယ်ဝန်ရှိနေပါပြီ"

"ဂုဏ်ပြုရမယ့်သူက ခင်ဗျားပါ.. ဒီစမ်းသပ်မှုကိုအောင်မြင်လိမ့်မယ်လို့ ကျုပ်တခါမှ မတွေးဖူးဘူး"

ယောက်ျားတစ်ယောက်ရဲ့အသံက ဂုဏ်ယူပြီး စိတ်လှုပ်ရှားနေတယ်။

"ကလေးက ကျန်းမာဖို့ပဲ ငါမျှော်လင့်တယ်"

"မစိုးရိမ်ပါနဲ့ မြို့စားမင်း.. ဒီလူနာက တခါသေပြီးတာတောင်မှ အလွန်ကောင်းမွန်တဲ့ ခန္ဓာကိုယ်ရှိပါတယ်.. ကလေးက အရမ်းကျန်းမာပါလိမ့်မယ် ဒါပေမဲ့ လူနာကတော့...အသက်မရှင်နိုင်လောက်ပါဘူး"

"ငါ မိန်းခလေးကို ဂရုမစိုက်ဘူး.. ကလေးကိုပဲ လိုချင်တယ်"

"ဟုတ်ကဲ့ မြို့စားမင်း"

ငလူး**? သူတို့ ငါ့အကြောင်းပြောနေကြတာလား? ငါက ဘယ်လို ကိုယ်ဝန်ရလာတာလဲ? အာ့ရှ်! ငါ့မျက်လုံးတွေ ဖွင့်လို့တောင် မရဘူး၊ ငါဘာတွေဖြစ်နေတာလဲ???

ငါ့ကလေးတွေရဲ့အဖေက ဂြိုလ်သားတဲ့(MM Translation)Where stories live. Discover now