ငါ့ရဲ့ အချိန်တိုင်းကို မင်းနဲ့ပဲ ကုန်ဆုံးချင်တယ်
Jeongwoo ။
မင်းကလွဲရင် ငါဒီလောက က ဘာမှထပ်ပြီး မတွယ်တာချင်တော့ဘူး။
ငါ့ရဲ့ နှလုံးသားလေးက မင်းကိုပဲ လိုအပ်သလို၊ မင်းကို အဆုံးရှုံးမခံနိုင်ဘူးတဲ့။:-*:-*:-*:-*:-*
"Jeongwoo မင်းကို ဆရာမက ခေါ်နေတယ်"
"......"စာကြည့်တိုက်ထဲမှာ စာကြည့်နေတဲ့ Jeongwoo ကို ကျောင်းသားတစ်ယောက်က လာခေါ်ခြင်း ဖြစ်သည်။
Jeongwoo စကားကို ပြန်မဖြေပဲ ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်။
သူ့ကို လာခေါ်တဲ့ ကျောင်းသားကလည်း စိတ်ပျက်နေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။
အင်းလေ သူလိုလူနဲ့ ဘယ်သူက စကား
ဖောင်ဖွဲ့ပြောဖူးလို့လဲ။
သူကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှ စကားမပြောဖြစ်။အတန်းထဲမှာလည်း တစ်သီးတစ်သန့်နေဖြစ်တဲ့ ကျွန်တော်က အချိန်တွေရဲ့ တစ်ဝက်ကို စာကြည့်တိုက်မှာပဲ ရှိနေတက်သည်။
အတန်းသားတွေက မဖော်ရွေတာမဟုတ်ပဲ၊ ကျွန်တော်ကသာ တစ်ယောက်ထဲ ဖြစ်နေတက်တာ။
အများနဲ့ ပြောဆိုဆက်ဆံရတာကို ဘာလို့မကြိုက်လဲ မသိပေမဲ့ တစ်ယောက်ထဲနေရတာ ကျွန်တော့်အတွက် ပိုအဆင်ပြေသည်။ဆရာမက ခေါ်နေတယ်ပြောတာကြောင့်
Jeongwoo ဆရာများနားနေခန်းကို ထွက်လာခဲ့သည်။အခန်းထဲ မဝင်ခင် ဆရာမကို ဝင်ခွင့်တောင်းလိုက်တော့ ဆရာမက Jeongwoo ကို ဝင်လာရန် အချက်ပြသည်။
"Jeongwoo ဒီအပတ် အမှတ်စာရင်းက အရင်အပတ်ထက် အများကြီးနည်းနေတာ ဘယ်လိုဖြစ်တာလဲ"
Jeongwoo တစ်ယောက် မေးခွန်းကို ချက်ချင်းမဖြေနိုင်။
အကြောင်းအရင်းက သူ့ရဲ့ အဖွားဆုံးသွားတဲ့ အပတ်က အမှတ်စာရင်း နည်းနေခြင်းကြောင့်ဖြစ်သည်။မိဘတွေက အလုပ်အရမ်းရှုပ်တော့ Jeongwoo အဖွားနဲ့သာနေရသည်။
ငယ်ငယ်ထဲက တွယ်တာခဲ့ရတဲ့ အဖွားက ရုတ်တရက် လောကကြီးက ထွက်သွားတော့
Jeongwoo စိတ်အစုံက ပြိုလဲခဲ့ရသည်။
အားကိုးရာ တစ်ခု သူ့မှာ လျော့သွားသလို ခံစားရသည်။လူတစ်ယောက်လုံးကို ဆုံးရှုံးထားတာကြောင့်
ပါးစပ်ကနေ ထုတ်ပြောဖို့ Jeongwoo အတွက် မလွယ်လှပေ။
YOU ARE READING
Library love diaries
Fanfictionငါ့ရဲ့ အချိန်တိုင်းကို မင်းနဲ့ပဲ ကုန်ဆုံးချင်တယ် Jeongwoo ။ မင်းကလွဲရင် ငါဒီလောက က ဘာမှထပ်ပြီး မတွယ်တာချင်တော့ဘူး။ ငါ့ရဲ့ နှလုံးသားလေးက မင်းကိုပဲ လိုအပ်သလို၊ မင်းကို အဆုံးရှုံးမခံနိုင်ဘူးတဲ့။