မနီးမဝေး အခြေအနေလေးကို သဘောကျတယ်။
နီးစပ်လွန်းတဲ့အခါ တစ်ချိန်ကျ ဝေးကွာရတာမို့
ငါတို့တွေ မနီးခဲ့ကြရင် သိပ်ကောင်းမယ် Haruto ။>>>>>>>>>>>
"Ruto မင်းနဲ့ ခုနက ကောင်မလေးက...."
"အသိတွေမဟုတ်ဘူး သူက စကားလာပြောလို့ ပြန်ပြောတာပဲရှိတာ"Jeongwoo စိတ်ဆိုး စိတ်ကောက်မှာကို အကြောက်ဆုံးက Ruto ပါလေ။
မဟုတ်တဲ့ အကြောင်းကို အကြောက်ကန် ငြင်းရသေးသည်။Jeongwoo က Haruto ကို တစ်ခါတစ်လေ စိတ်ကောက်တတ်သည်။
သူကို ပြစ်ထားပြီး တစ်ခြားသူတွေနဲ့ စကားပြောတဲ့အချိန်တွေ။
သူစာလုပ်တာကို နှောက်ယှက်တဲ့အချိန်တွေ။
Ruto စာမလုပ်လို့ အဆင့်ကျတဲ့ အချိန်တွေ။ကလေးလိုပါပဲ အဲ့လိုတွေသာ ဆက်လုပ်နေရင် မင်းနဲ့ မပေါင်းတော့ဘူးတဲ့လေ။
ကလေးအတွေးနဲ့ အမြဲ အနိုင်ယူနေတာ။Haruto ပါလေ နှစ်ခါပြောစရာမလိုအောင် လိုက်နာပြီးသား။
"Jeongwoo ရား ပိတ်ရက်ကျရင် လျှောက်လည်ရအောင်''
"ငါ စာလုပ်ရအုံးမှာ"
"Jeongwoo က အမြဲတမ်း အဲ့လိုပဲ ငါကိုကျ ဦးစားမပေးဘူး"
"Haruto ကလည်း စိတ်မဆိုးပါနဲ့ နော်...အာ ဟုတ်ပြီ ဟုတ်ပြီ လျှောက်လည်မယ်"
"....."
"ဘာလဲ မလည်တော့ဘူးလား စကားလည်းပြန်မပြောဘူး"
"သွားမှာ မင်းသာ ဂတိမဖျက်နဲ့"
"အင်း မဖျက်ဘူး...ကလေးကျနေတာပဲ စိတ်ကောက်နေတာ"
"မင်းသာ ကလေး၊ အမြဲတမ်း ငါ့အပေါ် အနိုင်ကျင့် ဗိုလ်ကျနေတာ"Ruto စကားပြောရင်း Jeongwoo ရဲ့ ဆံပင်တွေ ဆွဲဖွ လိုက်သည်။
Jeongwoo ရဲ့ ဆံပင်တွေကို ဖွရတာဟာ Ruto ရဲ့ အကျင့် တစ်ခုလို ဖြစ်နေပြီ။
Jeongwoo ကလည်း Ruto သူ့ဆံပင်တွေကို ဖွတိုင်း ခွေးပေါက်လေးလို ငြိမ်ခံနေတတ်သေးသည်။Jeongwoo ရဲ့ အကျင့်တွေကို ဖျက်တဲ့သူကို ပြပါဆို Ruto ကို ပြရမည်။
စာလုပ်ချိန်တွေဆို အမြဲ ဖဲ့ယူတတ်တဲ့ လူဆိုးကောင်ပေါ့။
စကားပြောနည်းတဲ့ Jeongwoo က အခုဆိုသာလိကာလေးဖြစ်နေပြီ။
နှစ်ယောက်ထဲ ရှိချိန်တွေဆို ပူညံပူညံတွေလုပ်တတ်နေပြီ။
အတန်းသားတွေနဲ့လည်း အရင်လို မစိမ်းတော့ပေ။တစ်ချို့ဆို ပြောကြသေးသည်။
Haruto နဲ့ပေါင်းတဲ့ Jeongwoo တောင် လူမှုဆက်ဆံရေးမညံတော့ဘူးတဲ့လေ။
YOU ARE READING
Library love diaries
Fanfictionငါ့ရဲ့ အချိန်တိုင်းကို မင်းနဲ့ပဲ ကုန်ဆုံးချင်တယ် Jeongwoo ။ မင်းကလွဲရင် ငါဒီလောက က ဘာမှထပ်ပြီး မတွယ်တာချင်တော့ဘူး။ ငါ့ရဲ့ နှလုံးသားလေးက မင်းကိုပဲ လိုအပ်သလို၊ မင်းကို အဆုံးရှုံးမခံနိုင်ဘူးတဲ့။