"Jeongwoo"
"......"
"ဆောရီးပါ ငါတကယ် မမြင်လို့ ဝင်တိုက်မိသွားတာ ၊ မင်းအင်္ကျီတွေ ပေကုန်ပြီ ဘယ်လိုလုပ်မလဲ"
"ရတယ် ငါအဆင်ပြေတယ်"အမှန်တော့ Jeongwoo တကယ် အဆင်မပြေပါ။ ကော်ဖီတွေ ပေကုန်တဲ့ အင်္ကျီနဲ့ သူ့အိမ်ထိရောက်အောင် ပြန်ဖို့ရာမှာ အဆင်မပြေပေ။
"ပေနေတာကြီးနဲ့ ပြန်လို့ အဆင်မပြေလောက်ဘူးထင်တယ်၊ ဒီလိုလုပ်ပါလား ငါ့အိမ်က ဒီနားလေးတင် မင်း ငါ့ အိမ်ကိုလိုက်ပြီး ငါ့အင်္ကျီ ဖြစ်ဖြစ် လဲလိုက်ပါလား"
"အင်း"ဒီလိုနဲ့ Rutoနဲ့ Jeongwoo ၊Harutoရဲ့ အိမ်ကို ရောက်လာကြသည်။
Haruto က တစ်ယောက်ထဲနေပေမဲ့ အိမ်က သန့်ရှင်းလျက်ရှိသည်။Jeongwoo အိမ်ကို အနည်းစပ်စုနေတာကို မြင်တော့ Ruto က
"ငါတစ်ယောက်ထဲနေတာလေ၊ အဖေနဲ့ အမေက ဂျပန်မှာ"
"အာ"
"ခနလေးနော် Jeongwoo ငါ့အင်္ကျီ သွားယူပေးမယ် လဲလိုက်"Haruto သူ့အခန်းထဲ ဝင်ကာ သူ့ရဲ့ အင်္ကျီတစ်ထည်ကို ထုတ်လာလိုက်ပြီး jeongwoo ကိုပေးလိုက်သည်။
"ရော့ Jeongwoo yaa အရှေ့က ငါ့အခန်း မင်းဝင်ပြီးလဲလိုက်"
"အင်း ကျေးဇူးပါ"Jeongwoo၊ Haruto ရဲ့အခန်းထဲဝင်ကာ ကော်ဖီတွေပေနေတဲ့ အင်္ကျီကို ချွတ်ကာ Haruto ရဲ့ အင်္ကျီနဲ့ လဲဝတ်လိုက်သည်။
အရွယ်အစားက အတူတူလောက်မို့ အင်္ကျီကလည်း ကွက်တိပင်။Ruto , Jeongwoo အဝတ်လဲနေစဉ် သူထွက်လာရင် သောက်ဖို့ သောက်စရာတစ်ခုခု အသင့်ပြင်ထားလိုက်သည်။
ခနနေတော့ အင်္ကျီကို ကိုင်ကာ Jeongwoo ထွက်လာသည်။
"Jeongwoo လာလေ၊ ငါမင်းသောက်ဖို့ အအေးပြင်ထားတယ်"
"အင်း ကျေးဇူး"
"မင်းလက်ထဲက အင်္ကျီ ငါလျှော်ထားလိုက်မယ်"
"မဟုတ်တာ ရပါတယ် ၊ ငါ့အိမ်ရောက်မှ ငါ့ဘာသာပဲ"
"ငါ့ကြောင့် ဖြစ်တာမို့ ငါလုပ်ပေးပါ့မယ်"ပြောမရပဲ အတင်း ယူသွားတာကြောင့် jeongwoo ရဲ့ လက်မှာလည်း လေထဲတွင် တန်းလန်းကြီးကျန်ခဲ့တော့သည်။
"ငါပြန်တော့မယ် Haruto"
"ငါလိုက်ပို့ရမလား"
"မဟုတ်တာ ငါbusနဲ့ ပြန်မှာ မင်းအိမ်နဲ့က ဆန့်ကျင်ဘက်ပဲ"
"Bus stop ထိ လိုက်ပို့ပေးမယ်၊ မင်းလည်း အထုတ်တွေနဲ့ မနိုင်ဘူးထင်တယ်"
YOU ARE READING
Library love diaries
Fanfictionငါ့ရဲ့ အချိန်တိုင်းကို မင်းနဲ့ပဲ ကုန်ဆုံးချင်တယ် Jeongwoo ။ မင်းကလွဲရင် ငါဒီလောက က ဘာမှထပ်ပြီး မတွယ်တာချင်တော့ဘူး။ ငါ့ရဲ့ နှလုံးသားလေးက မင်းကိုပဲ လိုအပ်သလို၊ မင်းကို အဆုံးရှုံးမခံနိုင်ဘူးတဲ့။