Part - 3 (new)

249 34 2
                                    

****** Alice ပြောစရာလေးနည်းနည်းရှိလို့ပါ Aliceဒီကြားထဲမှာ ပြန်ဖတ်ကြည့်ပြီးတော့ အတွေးလေးနည်းနည်းပြောင်းသွား part -3ကိုပြန်ဖျက်ပြီး အသစ်ကလေးပြန်ရေးထားပါတယ် .... story lineကတော့ နဂိုအတ်ိုင်းဘဲဆက်သွားမှာဖြစ်ပြီး part-3ကိုဘဲအရေးအသားလေး ပြန်ပြောင်းထားတာပါရှင် ******

......................................................

"ချန်းယောင်း ကျောင်းနောက်ကျနေပြီ .... သွားတော့လေ သား"

"ဟုတ်ကဲ့ အမေ"

ချန်းယောင်း အမေ့ရဲ့ဆိုင်အတွက်ဝိုင်းလုပ်ပေးနေရင်းက လွယ်အိတ်ကို ဆွဲလွယ်လိုက်ရင်း

"ဆိုဟီး သွားကြမယ်"

"ဟုတ် အစ်ကို"

သူခေါ်လိုက်တော့ ဆိုဟီးက မနက်စာ ခေါက်ဆွဲစားနေရာက ပလုတ်ပလောင်းနဲ့ သူ့ဆီကိုအပြေးထလာသည်။ သူဆိုဟီးရဲ့ ခေါင်းကိုပုတ်လိုက်ပြီး

"ဝရဲ့လား ... မဝသေးရင် ထပ်စား အစ်ကိုစောင့်နေမယ်"

သူမေးလိုက်တော့ ဆိုဟီးက ခေါင်းခါပြီး

"ဟင့်အင်း ဝ ပြီ အစ်ကို သွားရအောင်"

"အင်း"

"အမေ သွားပြီနော် "

"အေးအေး သား"

ချန်းယောင်း အမေ့ကို နှုတ်ဆက်လိုက်ပြီး ဆိုဟီးနှင့် အတူကျောင်းသို့ ထွက်လာခဲ့လိုက်သည်။

အမေ က ပင်လယ်စာခေါက်ဆွဲဆိုင်ဖွင့်ထားပြီး သူတို့နှစ်ယောက်ကို ကျောင်းထားပေးသည်။ ချန်းယောင်းက အထက်တန်းနောက်ဆုံးနှစ်ဖြစ်ပြီး ဆိုဟီးက အလယ်တန်းနောက်ဆုံးနှစ်ဖြစ်သည်။ ချန်းယောင်းက ကျောင်းက အပြန် အချိန်ပိုင်း အလုပ်လုပ်ရင်း ကိုယ့်ကျောင်းစရိတ်နဲ့ လိုအပ်တာတွေအပြင် ဆိုဟီးရဲ့စာသင်ဝိုင်းအတွက်ပါ သူ့လုပ်အားထဲကဘဲသုံးသည်။

အမေက မလုပ်ခိုင်းပေမယ့် ချန်းယောင်းရဲ့ခေါင်းမာမှုကြောင့် အမေလည်းနောက်ဆုံးတော့လက်လျှော့လိုက်ရသည်။ ဆိုဟီးကလည်း သူ့ကိုမြင်တော့ သူလည်းအလုပ်လုပ်ချင်ကြောင်းပြောပေမယ့် ငယ်သေးတာမို့ ချန်းယောင်းကခွင့်မပြု။ ဆိုဟီးကိုတော့ စာကိုဘဲအာရုံစိုက်စေချင်သည်။

Forget Me NotWhere stories live. Discover now