Part - 4

284 36 2
                                    

အွန်းဆော့ ဒီနေ့ဆို ကိုရီးယားကိုရောက်လာခဲ့တာ တစ်ပတ်ပင်ရှိနေပြီဖြစ်သည်။ ရောက်ရောက်ချင်း အိမ်ပင်မပြန်နိုင် အလုပ်၌ ညအိပ်ရသည်အထိ အွန်းဆော့ အလုပ်များနေခဲ့သည်။ အခုတော့ အလုပ်ကိစ္စတွေအဆင်ပြေသွားပြီဆိုတော့ လွန်ခဲ့တဲ့ 15နှစ်က ဂေဟာ ဖောက်ခွဲခံရတာကို အစကနေ ပြန်စုံစမ်းနေသည်။ ညီလေးရဲ့ hand chain လေးရော ရှာဖွေမှုတွေအရရော ထိုပေါက်ကွဲမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိဘူးဟု သိထားသော်လည်း သူဒီအတိုင်းတော့ လက်မလျော့နိုင်။ ညီလေး ဆုံးသွားတာမှန်တယ်ဆိုရင်တောင် တရားခံကိုအပြစ်ပြီး သွားလေသူညီလေးကို စိတ်ဖြောင့်အောင်လုပ်ပေးရမယ် မဟုတ်လား။

ဒီပေါက်ကွဲမှုမှာ နောက်ကွယ်ကလူ ရှိကိုရှိလိမ့်မယ်ဆိုတာ သူသိသည်။ မိဘမဲ့ဂေဟာကို ဘယ်သူကအပျော်တမ်းဖောက်ခွဲမှာတဲ့လဲ။ ဒီကိစ္စ ကြောင့် သေဆုံးခဲ့ရတဲ့ လူမမယ်ကလေးတွေ မှာ ဘာအပြစ်များရှိလို့လဲ။ လူဆိုတာ ကိုယ်ခံစားရမှ အပြည့်အဝကိုယ်ချင်းစာတတ်တာမျိုးပင်။ အမေနဲ့အဖေက ညီလေးလည်းဆုံးသွားပြီး သူ့ဒဏ်ရာက်ိုအစပြန်မဖော်ချင်တော့လို့ စုံစမ်းစစ်ဆေးမှုကိုဆက်မလုပ်ခဲ့ပေမယ့် အခုတော့သူ့တောင်းဆိုမှုကြောင့် အဖေကပြန်ခွင့်ပြုလာသည်။

အလွတ်တမ်းစုံထောက်တွေလည်းငှားထားပြီး အဖေ့ရဲ့အဆက်အသွယ်တွေနဲ့ရော သူ့ရဲ့ ကျောင်းနေဖက်သူငယ်ချင်းရဲ့အကူအညီနဲ့ရော အွန်းဆော့ အမှုကိုစစုံစမ်းနေပြီမို့ မကြာခင် လူယုတ်မာတွေကိုအပြစ်ပေးနိုင်တော့မှာပါ။ တရားခံဘယ်သူလဲဆိုတာသိရတာနဲ့ ဥပဒေရဲ့ အဆုံးအဖြတ်ကိုမခံယူခိုင်းဘဲ သူကိုယ်တိုင် အဆိုးဝါးဆုံးစီရင်ပြစ်မည်ဟု ဆုံးသွားတဲ့ အဖေနဲ့ အမေကိုသက်သေထားပြီး အွန်းဆော့ ကျိန်ဆိုလိုက်သည်။

သူရုံးခန်းထဲမှာ ထိုင်ရင်း စားပွဲပေါ်သို့လက်ထောက်ကာ တစ်ခုခုကိုအလေးအနက်ထားစဉ်းစားနေလိုက်သည်။ ထို့နောက် လက်ကနာရီကိုကြည့်လိုက်တော့ ည9နာရီခွဲနေပြီမို့ အွန်းဆော့ အိမ်ပြန်ဖို့ပြင်လိုက်သည်။

အွန်းဆော့ လမ်းမှာမီးပွိုင်မိနေတုန်း ဘေးဘီဝဲယာက်ိုကြည့်လိုက်မိတော့ သူ့ကားဘေး အမိုးပွင့်ကား အနီရောင်လေးပေါ်က ကောင်လေး။ အွန်းဆော့ ရင်ထဲဝုန်းဒိုင်းကြဲသွားရသည်။ ဒါရေစက်လား။ မီးပွိုင့်စိမ်းသွားတာနဲ့ အွန်းဆော့ အိမ်ပြန်မယ့် လမ်းကနေ လမ်းလွှဲလိုက်ပြီး ထိုကောင်လေးကားအနောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

Forget Me NotWhere stories live. Discover now