ဝန်ဘင်း ပုံမှန်ဆို မနက်စာစားပြီးတာနဲ့ ချန်းယောင်းထက်အရင် ကုမ္ပဏီကိုစောသွားလေ့ရှိပြီး ချန်းယောင်းကတော့
သူတို့စားပြီးတာတွေ ဆေးကြောသန့်စင်ပြီး မနက်ပိုင်းအိမ်သန့်ရှင်းရေးလုပ်ပြီးမှ ကျောင်းသို့သွားလေ့ရှိသည်။အလုပ်ချိန်မတူတော့ ဒါကသူတို့အတွက်ပုံမှန်လိုပင်။ အိမ်သန့်ရှင်းရေးနဲ့ ထမင်းချက်အတွက် လူခေါ်မယ်ပြောတိုင်း သူ့အတွက် ကိုယ်တိုင်ဘဲလုပ်ပေးချင်သည်ဟုဆိုကာ လက်မခံ။ ပြောရရင် သူတို့အတူတူ စ နေထဲက အချက်အပြုတ် ၊ အိမ်သန့်ရှင်းရေး အကုန်ချန်းယောင်းကိုယ်တိုင်ဘဲလုပ်သည်။ အခုလည်း သူတို့မနက်စာ စားပြီးတော့ ချန်းယောင်း ပန်းကန်ဆေးတာကို သူဧည့်ခန်းထဲကနေ ထိုင်ကြည့်နေလိုက်သည်။
ဆေးကြောပြီး ပြန်အလှည့် သူ့ကိုမြင်တော့မှ
"အော် ... အစ်ကို အလုပ်မသွားသေးဘူးလား "
"အင်း ... မင်းကို ကျောင်းလိုက်ပို့ပြီးမှဘဲ တန်းသွားမယ်"
သူဆိုဖာပေါ် ကျောမှီထိုင်ကာ လက်ပိုက်ရင်းပြောတော့
"အော်" ဟုဆိုကာ အိမ်သန့်ရှင်းရေးလုပ်ဖို့အတွက်ပြင်နေပြန်သည်။
ချန်းယောင်းက အဲ့လိုလူမျိုးပင်။ သူ့အတွက် စိတ်ရှုပ်စေမယ့်အရာ တစ်ခုမှမလုပ်သလို။ မလိုအပ်ဘဲနဲ့လည်း ဘာမေးမြန်းခြင်းမှမပြု။ သူတစ်ခွန်းဆို တစ်ခွန်း အမြဲနာခံတတ်သည်။ အဲ့လိုလူက ဒီလိုလုပ်ရပ်မျိုးက်ိုလုပ်ပါ့မလား။ ဒါဆို အဲ့နေ့ကဓာတ်ပုံတွေက ဘာလဲ။ ပို့တဲ့သူကရော ဘာရည်ရွယ်ချက်နဲ့ သူ့ဆီကိုပို့ရတာလဲ။သူအတွေးလွန်နေတုန်း။
"အစ်ကို သွားမယ်လေ"
အိတ်လေးလွယ်ရင်း အပေါ်ထပ် Zip Hoodieလေးကို လက်မှာကိုင်ကာ အခန်းထဲကထွက်လာပုံရတဲ့ ချန်းယောင်း။ shirtအဖြူလေးကို jeans pantsလေးထဲထည့်ဝတ်ထားပြီး brown hair လေးကို နဖူးပေါ်အုပ်အုပ်လေးချထားတဲ့ ချန်းယောင်းက ကျောင်းဆရာနဲ့မတူဘဲ အထက်တန်းကျောင်းသားလေးနှင့်တူနေသည်။
"အင်း သွားကြတာပေါ့"
သူပြောတော့ ခေါင်းလေးညိမ့်ကာ အရှေ့ကအရင်ထွက်သွားတဲ့ ကောင်လေးနောက် ဝန်ဘင်းလိုက်သွားလိုက်သည်။
YOU ARE READING
Forget Me Not
Fanfiction_ နီးစပ်မယ်ထင်ထားတဲ့ ဆက်ဆံရေးတွေက ဝေးကွာမှန်းမသိ ဝေးကွာလာတဲ့အခါ..... _ ဒီတစ်ခါဝေးကွာမှုက ထာဝရအတွက်လား ... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်းအရာတစ်ခုခုနဲ့ ကျွန်တော်တို့ပြန်ဆုံနိုင်ကြဦးမလား ..... _ ဒီဝေးကွာခြင်းက ထာဝရအတွက်ဆိုရင်တော့ ကျွန်တော် ဒီဘဝမှာ...