အပိုင်း 1

345 25 3
                                    

" ကျိကျိ ကျွန်တော် exam မှာ great A ရတယ်။ အဲ့ဒါ ကတိပေးထားတဲ့အတိုင်း ကျွန်တော်လိုချင်တာလုပ်ပေးရမယ် ဒါပဲ"
"ငါ့မောင်လေး ဖိုးပြည့်လေးက တော်လိုက်တာ'။ ကဲပြော ကျိ ဘာ၀ယ်ပေးရမလဲ "
"ဟင့်အင်း မ၀ယ်ပေးရဘူး ။ မနက်ဖြန် ကြက်တောင်ကွင်းမှာ ပြိုင်ပွဲရှိတယ်။ အဲ့ဒါလိုက်ပြ "
"ဟင် မနက်ဖြန်လား။ ဖိုးပြည့်လေးရဲ့။ မနက်ဖြန်ကျိကျိဆေးခန်းထိုင်ရမယ်လေ။ "
"ဟင့်အင်း။မရဘူး ။ကျိကျိကကတိလည်းမတည်ဘူး" ဟုဆိုကာ ထငိုလေသည်။
မောင်ဖြစ်သူငိုတော့ "ဟုတ်ပြီ ။လိုက်ပို့မယ် နည်းနည်းတော့နောက်ကြလို့ရတယ်မလား။ဘယ်ချိန်စမှာလဲ"
"ရတယ်။ရတယ် မနက် ၉နာရီကနေညထိရှိမှာ။ ''
"ကဲ အာ့ဆိုမနက်ဖြန် ၁၀နာရီကျိလိုက်ပို့မယ်။ မငိုနဲ့တော့ "
"Yay ဒါမှဖိုးပြည့်ရဲ့ ကျိကျိကွ။ အာ့ဆိုကိုကြီးကို ဖိုးပြည့်လာဖြစ်ကြောင်းပြောလိုက်တော့မယ်"
နှင်းမျက်ခုံးလေးပင့်ကာ  "ကိုကြီး ဘယ်ကကိုကြီးလဲ"
"သားရဲ့စီနီယာကိုကြီးလေ ကြက်တောင်ရိုက်တာတအားတော်တာ မနက်ဖြန်ကြမှကျိနဲ့မိတ်ဆက်ပေးမယ်။ ခုတော့ ဂိမ်းသွားဆော့ပြီ ။ "ဟုဆိုကာ သူ့အခန်းထဲကို ခုန်ပေါက်ကာ၀င်သွားသည်။
နှင်းလည်း မောင်ဖြစ်သူအား မနိုင်ဘူးဆိုသောအကြည့်နှင့်
" ကျွန်မအမည်က နှင်းအိန္ဒြေရှင် ။ ကျွန်မအသက်က ၃၂ ပြည့်တော့မယ်။ ဖိုးပြည့်ဆိုတာက ကျွန်မမောင်လေး ဘုန်းပြည့်မင်းခန့် လေ။ သူကအခုမှ အသက် ၁၇ပဲရှိသေးတယ်။ ကျွန်မတို့မောင်နှမနှစ်ယောက်ကအသက် ထက်၀က်လောက်ကွာတယ်။တကယ်တော့ဖိုးပြည့်လေးကကျွန်မရဲ့မောင်အရင်းမဟုတ်ဘူး။တစ်၀မ်းကွဲပေါ့။ ဖို့းပြည့်မားမားနဲ့ကျွန်မမားမားကညီအစ်မအရင်းလေ။ ဖိုးပြည့်လေးအသက်၁နှစ်မပြည့်ခင်ငယ်ငယ်က accident တစ်ခုကြောင့်မိဘနှစ်ပါးလုံးဆုံးသွားတဲ့အတွက်မားမားကဖိုးပြည့်‌‌ေလးကို‌ေမွးစားလိုက်တာ။ဒါ‌တှေကို‌တော့ဖိုးပွညျ့‌လေးမသိ‌‌သေးဘူး။ကျွန်မကတော့ငယ်ငယ်ထဲက မိဘတွေရဲ့ပုံစံခွက်ထဲ နေလာပြီး ဝါသနာမပါတဲ့ဆေးကျောင်းကိုတတ်ခဲ့ရသူပေါ့ ။ဒါပေမယ့်ခုလည်း ဒီအလုပ်ကိုသဘောကျနေပါပြီ။ ဖိုးပြည့်လေးကိုတော့ကျွန်မလိုမဖြစ်အောင်သူဝါသနာပါရာကိုပေးလုပ်တော့ သကောင့်သားလေးကြက်တောင်ရိုက်ချင်တယ်ဆိုတော့ခွင့်ပြုထားတာ ခုပြိုင်ပွဲကြည့်ခိင်တယ် တောင်းဆိုတော့ မနက်ဖြန်ဆေးခန်းထိုင်ပြီးတာနဲ့ လိုက်ပို့ရဦးမှာပေါ့လေ "
နှင်းအိန္ဒြေရှင် ဆိုတာ နမည်ကြီးအရိုးကြောအထူးကုဆရာ၀န်တစ်ယောက်ပေါ့။ သူထိုင်တဲ့ဆေးခန်းဆိုလူနာကအပြည့်ပဲ။ နမည်နဲ့လိုက်အောင် ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့နဲ့တကယ် အိန္ဒြေရှင်မလေး။ ဆေးကုရာမှာလည်း ဒေါက်တာ့မျက်နှာ‌ေကြာင့်‌ေရာဂါတစ်၀က်သက်သွား‌‌ေစ‌ေလာက်သည့်တကယ့်အကြည်ဓာတ်‌ေလး။တရုတ်သွေးပါသည့်အတွက် အသားအရည်ကတော့ ‌ဖြူပြီး မျက်နှာလေးများ ကော်ပတ်ရုပ်လေးအတိုင်းချစ်စရာကောင်းလွန်းလှသည်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ဆိုတော့ သူပြုံးလိုက်ရင် နမည်ကြီးမိုနာလီဇာ ရှုံးလောက်အောင်ကိုလှသည်။ ဒီလောက်လှတာ ရည်းစားမရှိဘူးလားလို့မေးလာရင် နိုး လို့ပဲဖြေရမည်။ ကျောင်းထဲကလိုက်တဲ့ယောက်ျားအားလုံးကိုရည်းစားထားဖို့စိတ်ကူးမရှိဘူးဆိုသော စကားလုံးနှင့်ငြင်းလာခဲ့တာယခုတိုင်ပင်။

Fall in love on court Where stories live. Discover now