အပိုင်း2

207 23 8
                                    

Restaurants တစ်ခုရောက်တော့ Chris က ‌semifinalပွဲရိုက်စရာရှိသေးတဲ့အတွက်ကြောင့် အဆာပြေ ကိတ်မုန့်တစ်ခု နှင့် blueberry soda တစ်ခွက်သာမှာလိုက်သည်။ "ဖိုးပြည့်လေးနဲ့အစ်မ ဘာစားမလဲ ကြိုက်တာမှာနော် ဒီဝိုင်းကျွန်တော်ရှင်းမှာပါ။ မိတ်ဖြစ်ဆွေ‌ဖြစ်ပေါ့"။ ဖိုးပြည့်လေးက "သား အိမ်ကစား‌လာသေးတယ်ကိုကြီး strawberry smoothie ပဲသောက်တော့မယ်" ။ Chris လည်း နှင်းကို "အစ်မကတော့ ဘာမှမစားရသေးဘူးထင်တယ် " ဟုမေးလိုက်သည်။ နှင်းလည်း ဗိုက်ဆာနေတာကြောင့် မူမနေနိုင်ဘဲ "ဟုတ်ကဲ့။ ဒီဆိုင်မှာ ဘာကောင်းလဲဟင် "။
Chrisလည်း"ဒီဆိုင်က တို့ဟူးနွေးက နမည်ကြီးပဲအစ်မ ။အဲ့ဒါလေးစားကြည့်ပါလား "
နှင်းလည်း ခေါင်းငြိမ့်ပြလိုက်တော့ Chris က counterကိုသွားပြီး သူကိုယ်တိုင်သွားမှာလေသည်။
ထိုစဉ် ကျန်ခဲ့တဲ့ဖိုးပြည့်လေးက သူ့အစ်မကို "ကျိကျိ သား ကိုကြီးကို ယောက်ဖတော်ချင်လို့"ဟုစလိုက်တော့
ခေါင်းခေါက်ခံလိုက်ရသည်။
Chris တို့ စားသောက်ပြီးတော့ အချိန်ကြည့်လိုက်တော့ ၁နာရီထိုးခါနီးပြီဖြစ်ရာ ပွဲပြန်စတော့မှာဖြစ်သည်။ Chris လည်း "စားပြီးရင် သွားကြတော့မလား။ ခဏနေပွဲလည်းပြန်စတော့မှာဆိုတော့ ကျွန်တော် warmup လုပ်ရဦးမှာမလို့ ပြီးတော့ ဒုတိယပွဲ ကျွန်တော်ကစားရမှာမလို့ "ဟုပြောတော့ ဖိုးပြည့်လေးက "ကိုကြီး single ရိုက်မှာလား semiမှာ " ဟုမေးတော့
"ဟုတ်တယ် ကိုကြီးက women single နဲ့ mixed doubles ရိုက်ရမှာ 2ပွဲ "
နှင်းလည်း "အဲ့ဒါဆိုသွားကြတာပေါ့ "ဟုပြောကာ ပွဲကျင်းပရာ court တွင်းသို့ပြန်သွားကြ‌သည်။
Court ကိုရောက်တော့ chrisက ဖိုးပြညိ့တို့အတွက် ကစားပွဲကိုအနီးဆုံးမြင်ရမယ့်‌ခုံနေရာကို ဦးပေးထားပြီး သူလည်း ပွဲအတွက် သွားကာပြင်ဆင်လေသည်။

မကြာခင် semifinals ပွဲစတင်တော့ တာပွဲမှာ men single ပွဲဖြစ်သည်။ Chris တို့ရဲ့ပြိုင်ဘက်က နမည်ကြီး Team Impact ဖြစ်တာကြောင့် ပွဲဦးထွက်ရိုက်ရ‌တဲ့ player လင်းသန့်က အနည်းငယ်ရှိန်နေသည်။ ရှိန်နေတာကြောင့်ပွဲကို အာရုံမစိုက်နိုင်ပဲ ၂ပွဲပြတ်နှင့်ရှုံးသွားရသည်။ ထို့ကြောင့် ကျန်သည့်၄ပွဲကိုပိုအာရုံစိုက်ရတော့မည်ဖြစ်ပြီး Chris အတွက်ပို၍ ၀န်ပိသွားသည်။
ဒုတိယပွဲစဉ် Women single မှာ Chris ရဲ့အစွမ်းကုန်ကြိုးစားမှူကြောင့်  ပြန်လည်အနိုင်ရရှိခဲ့ကာ 1 -1သရေ ဖြစ်သွားသည်။ ဘယ်သူမှမသိလိုက်သည့်အချက်တစ်ချက်က တော့ Chris ရဲ့ခြေချင်း၀တ်အနည်းငယ်နာသွားသည်ပင်ဖြစ်သည်။ ဒါကို ပွဲကြည့်စဉ်မှ ကြည့်နေသည့် နှင်းအိန္ဒြေရှင် မှာ အနည်းငယ်ရိပ်မိလိုက်သည်။
ကျ‌န်သော ပွဲစဉ်များ ဆက်လက်ကစားရာ တွင် 2-2 ဖြစ်နေသောကြောင့် နောက်ဆုံး အဆုံးအဖြတ် mixed doubles ပွဲမှာ Chris နှင့် partner ဖြစ်သူ စွမ်းထက်အပေါ်တွင် မူတည်နေလေသည်။ ပွဲစမှီ Chrisက Vortex ဖြန်းဆေးဘူးကို ဘယ်သူမှမသိအောင်ယူကာ
Toilet နားသွားပြီး ခြေထောက်အား ဆေးသေချာဖြန်းနေသည်။ ဆေးဘူးယူကာ ထွက်သွားသည်ကိုတွေ့လိုက်သော နှင်း မှာ နောက်ကလိုက်သွားသည်။ ထို့နောက်ဆေးထည့်နေသည့် Chris ကိုမြင်တော့ "ရှင် ခုနကပွဲမှာ နာသွားတာမလား ။ဒီပွဲကစားလို့အဆင်ပြေပါ့မလား "
"Chris လည်း ခင်ဗျား ဘယ်လိုသိတာလဲ။ ကျွန်တော်ဖြစ်သွားတာ တစ်ဖက်ပြိုင်ဘက်တောင်မသိတာ ။"
"ဒီမှာ ကျွန်မက အရိုးအကြောအထူးကုတစ်ယောက်ပါ။ရှင်လမ်းလျှောက်ပုံကိုကြည့်တာနဲ့သိတယ်။ရှင့်ခြေထောက်ပြစမ်း" ဟုဆိုကာ ခြေချင်း၀တ်ကို အားနည်းနည်းထည့်ကာ ဖိလိုက်တော့ Chris လည်း "အား "ဟု အသံထွက်အော်မိသည်။ "ရှင်ကစားလို့ဖြစ်ပါ့မလား injury ထပ်ရရင် မလွယ်‌ဘူးနော် "ဟုပြောတော့ "အသင်းအတွက် ရွေးချယ်စရာမရှိဘူး final တတ်မှဖြစ်မယ် ။ အတတ်နိုင်‌ဆုံးတော့ ညှာကစားကြည့်ရမှာပဲ။ ကြည့်ပေးတာကျေးဇူးပါ "ဟာဆိုကာ ဖိနပ်အမြန်စီးပြီး court ဆီသို့အ မြန်သွားလိုက်သည်။
ပွဲက တကယ်ပဲအကြိတ်အနယ်ရှိလှသည် game1မှာတင် deuce 30ထိသွားကာ Chris တို့က အနိုင်ရသည်။ Game 2မှာ Chris ၏ခြေထောက် ထပ်ခေါက်သွားတာကြောင့် ဆေးအဖွဲ့အကူအညီနဲ့ အဆင်ပြေအောင်ဆက်ရိုက်ပေမယ့် 21-19နှင့်ရှုံးသည်။ ထို့ကြောင့် နောက်ဆုံးအဆုံးအဖြတ်ပွဲကိုရိုက်ရတော့မည်ဖြစ်သည်။ တစ်ဖက်မှာလည်း အားအတော်ကုန်နေပြီဖြစ်သည်။ Chris လည်း‌နာနေသည်ကိုတစ်ဖက်ကသိသွား၍ Chrisကိုပဲဖိရိုက်နေလေသည်။ 18-16ရောက်တော့ Chris တို့ဘက်မှကွင်းချော်နေ၍ သုတ်ပေးဖို့ပြောတော့ Judge က အချိန်ဆွဲသည်ဟုသတ်မှတ်ကာ ခွင့်မပေးချေ။ Chris လည်း ချောနေသည့် နေရာကို ဖိနပ်နဲ့သာ ပြောင်အောင်လုပ်လိုက်သည်။ ထို့နောက် ပွဲကိုဆက်ရိုက်တော့ match point 20ကို Chrisတို့အရင်ရောက်သွားသည်။ 20-17 ဖြစ်သွားသည့်ထို point တွင်ကွင်းချော်နေတာကြောင့် Jump smash ရိုက်ပြီးပြန်အကျတွင် ခြေထောက် ankle မှာလုံး၀လည်သွားသည်။ သို့ပေမယ့် ပွဲက တအား high နေသည့်အတွက် Chris ဒါကိုသတိမထားမိမူပေမယ့် ပွဲကြည့်နေသည့် နည်းပြနှင့်နှင်းတို့ ကလန့်သွားသည်။ သို့ပေမယ့် နည်းပြက တစ်မှတ်ပဲလိုတော့တာကြောင့် မပြော‌ပဲနေလိုက်သည်။ နောက်တစ်မှတ်ကို နာနေရက်‌နှင့်ပင် power smash တစ်လုံး ရိုက်လိုက်ကာ နိုင်သွားသည်နှင့် Chrisလည်း စိတ်ကိုလုံး၀လွှတ်ချလိုက်ကာ ကွင်းတွင် ပက်လက်လှန်ချလိုက်သည်။ ထိုစဉ် နည်းပြ၀င်လာကာ Chrisအားပြကြည့်တော့သည်။ Chrisမှာ ခြေထောက်ကိုကိုင်ထားတာ အရမ်းနာကျင်နေသည်။ ထိုမြင်ကွင်းကိုတွေ့လိုက်သည် နှင်းနှင့်ဖိုးပြည့်လည်း အပြေးသွားလိုက်သည်။ နှင်းလည်း၀င်ကာ "ကျွန်မက အရိုးအကြောအထူးကုတစ်ယောက်ပါ ။ကျွန်မကြည့်ပေးပါ့မယ် "ဟု‌ဆိုကာ ဖိနပ်အား အသာချွတ်ကာ ခြေစွပ်ကိုပါချွတ်ကြည့်လိုက်တော့ ခြေထောက်မှာ ယောင်ပါယောင်နေသည်။ ခြေထောက်ကို အသာထိကြည့်လိုက်တော့ အထိမခံနိုင်အောင်ဖြစ်နေသည်။ "ကျွန်မအထင် ခြေထောက်အရွတ်ပြဲသွားတယ်ထင်တယ်။ဓာတ်မှန်ရိုက်ကြည့်မှသိမယ်။ ဆေးရုံချက်ချင်းသွားဖို့လိုအပ်တယ်" လို့ပြောတော့ နည်းပြက "ဗျာ ။ ဒါဆို သူသဘက်ခါ finalပွဲ မရိုက်နိုင်တော့ဘူးပေါ့ "လို့ပြောတော့ နှင်းတစ်ချက်ဒေါသထွက်သွားသည်။ ကိုယ့်တပည့်တစ်ယောက် ဒီလောက်ထိဖြစ်နေတာကို သူကနောက်ရက်မရိုက်နိုင်မှာကိုစိုးရိမ်နေတယ်။ အခက်မသင့်ရင် Chris ရဲ့ ကစားသမားဘ၀ပါ အဆုံးသတ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့် နှင်းလည်း "သဘက်ခါမပြောနဲ့ အနည်းဆုံးနောက်၂လထိနားရနိုင်တယ်။အခက်မသင့်ရင် player life ပါနားရနိုင်တယ်ရှင်ဒါတောင်နားမလည်ဘူးလား။နည်းပြတစ်ယောက်ဖြစ်ပြိးတော့ "ဟု ‌ခပ်ပြတ်ပြတ်ပြောကာ Chris အား wheelchair နှင့်ခေါ်ကာ သူထိုင်နေကြဆေးခန်းတစ်ခုအားအကူအညီတောင်းကာ ထိုသို့ခေါ်သွားသည်။
ဆေးရုံကိုရောက်တော့ ချက်ချင်းပင် ဓာတ်မှန် ရိုက်ကာ ကြည့်လိုက်တော့ အရွတ်ပြဲသွားပြီး အဆစ်ပါလွဲသွားသည်။ Chris ကိုကြည့်လိုက်တော့ ငိုနေသည်။ ဖိုးပြည့်လေးက Chrisရဲ့လက်ကိုကိုင်‌ေပးထားသည်။ နှင်းလည်း" Chris တအားနာနေလို့လား "။
" အစ်မနှင်း ကျွန်တော် player life ဆုံးတော့မှာလားဟင် အစ်မ။ ကျွန်တော် ကြောက်တယ်အစ်မ "
နှင်းလည်း "Chris အစ်မကိုကြည့် အချိန်တစ်ခုတော့ပေးရမယ်။ခဏတော့နားရမယ် Chris ။ player life မဆုံးစေရဘူး အစ်မကတိပေးတယ်နော် ။အခု ခြေထောက်ကို ကျောက်ပတ်တီး စည်းပေးထားမယ်။ ၁ပတ်လောက်တော့ စည်းထားရမယ် Chris" ဟုပြောကာ လိုအပ်တဲ့ Treatment တွေလုပ်ပေးသည်။
အကုန်လုပ်ပြီးတော့ Chris လည်း "အစ်မ ကျွန်တော်ဒီည ဆေးရုံမှာအခန်းတစ်‌ခန့်လောက်ရမလား ။အိမ်ကိုဖုန်းဆက်လည်း လာမှာမဟုတ်တော့ ပြန်လိုအဆင်မပြေလို့ " ဟုဆိုတော့ "အင်း။ အစ်မစီစဉ်ပေးမယ် "ဟုဆိကာ အခန်းကိစ္စစီစဉ်ပေးလိုက်သည်။ ထို့နောက် ဖိုးပြည့်လေးကိုအိမ်ပြန်ပို့ပြီးနောက် Chris ကိုစိတ်မချတာနဲ့ ဆေးရုံကိုပြန်ထွက်လာခဲ့သည်။ ကားမောင်းနေရင်း ဖိုးပြည့်လေးပြောပြတဲ့ Chris မိဘတွေအကြောင်းတွေးကာ Chrisအားသနားနေမိသည်။ နှင်းအိန္ဒြေရှင် တစ်ယောက်မသိလိုက်တာက ထိုသနားခြင်းရဲ့နောက်ကွယ်မှာ Chris ကိုသံယောဇဉ် ရှိနေပြီဆိုတာပဲ။

-----------------------------
#Wang511
31.1.2024

Fall in love on court Where stories live. Discover now