𝖯𝖺𝗋𝗍 ~ 1

7.5K 776 53
                                    

zawgyi

အဖြူရောင်ဆေးသုတ်ထားသည့် နံရံသားတွေ.. တောက်ပြောင်ရောင်နေသည့်ကြမ်းပြင်နှင့် အဖိုးတန်ပစ္စည်းများနှင့် စီခြယ်ထားပါသော အိမ်အတွင်း။

အိမ်နေရင်းတိုင် ရှပ်အဖြူနှင့် စတိုင်ပန်အဖြူကို သေသပ်စွာဝတ်ဆင်ထားသည့် ဆံနွယ်ခွေခွေလိမ်လိမ်လေးတွေအား ပုံစံတကျသွင်းထားပါသည့် ကောင်ငယ်လေးတစ်ဦးသည် Violinနှင့်bowကို ကိုင်ဆောင်ထားရှိကာ သူ့၏အရှေ့မှာတော့ ဂီတနုတ်စာရွက်ကိုကပ်ထားသည်။

" နွကျောင်းပိတ်ရက်ကျ... Mommyတို့ Companyရဲ့နှစ်ပတ်လည်ပွဲမှာ.. Violin တစ်ကိုယ်တော် ဖျော်ဖြေဖို့ Mommyစီစဉ်ထားတယ်.. Victory.. ဒါက.. Mommyက.. ဆရာနဲ့တိုင်ပင်ပြီး ရွေးပေးထားတဲ့.. သီချင်းတွေပဲ.. သေချာလေ့ကျင့်ပြီး.. ပွဲနေ့ကျရင်.. Mommyကို မျက်နှာပန်းပွင့်အောင်လုပ်ပေးရမယ်..."

Victory၏ပခုံးပြေပြေလေးထက် လက်လေးနှစ်ဖက်တင်လာကာ Mommyသည် အမိန့်မဆန်သည့်စကားကိုဆိုသည်။ Kim Miraeဟုခေါ်သည့် Mommyကိုယ်တိုင်ကလည်း အိမ်နေရင်းကို အဖိုးတန်အဝတ်အစားများနှင့် လက်ဝတ်ရတနာကအစဝတ်ဆင်ထားကာ ကျော့ရှင်းလှပနေသည်။

" သားက.. Mommyရဲ့ဂုဏ်ဆိုတာကို.. သိတယ်မလား... Victory..."

" အင်း...."

" သားက Mommyကို မျက်နှာမပျက်စေရဘူးလို့ ယုံကြည်တယ်... ဆရာ မလာခင်.. နုတ်တွေကို.. လေ့ကျင့်ထားကြည့်မလား..."

Mommyက သူ့၏လည်ပင်းကိုအသာသိုင်းဖက်ပြီး အပြုံးလှလှနှင့်ဆိုလာလျှင် Victoryသည်လည်း အပြုံးပါးပါးနှင့်ခေါင်းညိတ်ပြလိုက်သည်။

Violinကို လည်ပင်းနှင့်ပခုံးကြားတွင် တင်ဆောင်ကာ မေးညှပ်လိုက်ပြီးမှ bowကို ကြိုးလေးတွေထက်တင်လိုက်သည့်Victory။
အချိန်သိပ်မကြာ ပျော့ပြောင်းသည့်သံစဉ်သည် အခန်းတွင်းလွှင့်ပျံ့လာခဲ့သည်။

" ဆရာ.. ရောက်လာပြီပဲ.. သားလေးကို သေချာကြည့်ပေးပါဦးနော်.. အပ်ပါတယ်..."

" ဟုတ်ကဲ့ပါ..."

ဆရာရောက်လာသည့်အခါ Victory၏အဆုံးမရှိသည့် လေ့ကျင့်ခန်းကို အပြုံးတစ်ပွင့်နှင့်အတူ စတင်ခဲ့ရပြန်၏။

𝖧𝗂𝗀𝗁 𝖢𝗅𝖺𝗌𝗌 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now