𝖯𝖺𝗋𝗍 ~ 16

4.1K 581 93
                                    

zawgyi

Yoon Jinaဘက်က comfrimလိုက်သည့်သတင်းကြောင့် Victoryနှင့်Yoon Jinaသည် လက်ထပ်တော့မည်ဆိုသည့်သတင်းတွေကိုပါ သတင်းမီဒီယာပေါင်းစုံကနေ ချဲ့ကားရေးနေကြကာ ထိုသတင်းကြောင့်ဆက်သွယ်လာကြသည့် သတင်းမီဒီယာသမားများ၊ အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်များကြောင့် Victoryရော Victory၏မန်နေဂျာကပါ ဖုန်းပိတ်ထားရသည့်အဆင့်ကိုရောက်ကုန်သည်။

Victoryသည် မိမိ၏အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်ဖြင့် ဂနာမငြိမ်ဘဲ လက်သည်းအချင်းချင်း ကုတ်ဖဲ့နေမိကာ စိုးရိမ်တကြီး လက်သည်းကိုပါကိုက်ဖဲ့မိသည်။

ဒီသတင်းကို Jeon Ianကရော သိသွားလောက်ပြီမလား...။ Mommyကရော.. ဒီသတင်းထွက်တဲ့ကိစ္စမှာ ပါနေတာမဟုတ်ဘူးလား...။

ဘာလို့... Yoon Jinaက...။

Yoon Jinaထံကနေ ကိုယ်တိုင်အတည်ပြုစကားကြားရမှဖြစ်မည်မို့ Victoryသည် အငြိမ်မနေနိုင်တော့ဘဲ ကြားသိဖူးသည့်Yoon Jinaနေထိုင်သည့်လိပ်စာကို ကိုယ်တိုင်ကားမောင်းပြီး ထွက်လာခဲ့သည်။

တော်သေးသည်က အီတလီတွင် ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တတ်သည့်မီဒီယာသမားများမရှိ၍ Victoryဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။

Yoon Jinaက သီးသန့်ဗီလာတစ်ခုတွင်နေထိုင်ပြီး Victory၏ကားက သူမ၏ဗီလာအရှေ့တွင်ဆိုက်ရပ်သည်နှင့် Victoryက သူမကို လာရှာမည်အား သိနေသလိုမျိုး အိမ်အကူအလုပ်သမားတွေကတဆင့် Victoryကို သူမ ရှိနေသည့် ရေကူးကန်ကျယ်ရှိရာ အပန်းဖြေဟောခန်းထဲခေါ်လာစေသည်။

စားပွဲဝိုင်းထက် ခွဲစိတ်ထားသည့် အရည်ရွှမ်းရွှမ်း ပန်းသီးစိတ်များကို ခက်ရင်းလေးနှင့်ထိုးကော်စားနေသည့် Yoon Jinaက သူမ မည်သည့်ကိစ္စကိုမျှ မကျူးလွန်ထားသည့်အတိုင်း အေးအေးလူလူ..။ Victoryမှာသာ နိမ့်ချည်မြင့်ချည် ရင်ဘတ်အစုံနှင့် ဒေါသတရားကြောင့် မျက်နှာနီမြန်းနေရသည်။

" ဒါက.. ဘာသဘောလဲ... Yoon Jina!.. မင်းနဲ့ငါက.. ဘာမှမသက်ဆိုင်ဘဲနဲ့... လက်ထပ်ဖို့အထိပါ... ကြေညာတယ်?..."

" ဒေါသထွက်နေလောက်မယ်ဆိုတာ သိတယ်... အရင်ဆုံး... ထိုင်ဦး... ငါတို့ကြားကပြဿနာက အော်ဟစ်ပေါက်ကွဲရန်ရှာရုံနဲ့ အေးဆေးပြီးမသွားဘူး..."

𝖧𝗂𝗀𝗁 𝖢𝗅𝖺𝗌𝗌 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now