𝖯𝖺𝗋𝗍 ~ 14

3.7K 547 29
                                    

zawgyi

Jeon Ianသည် အနက်ရောင်ဝတ်စုံပြည့်ဖြင့် အဘိုး၏နာရေးခန်းမတွင် ငူငိုင်နေမိကာ အဘိုး၏နာရေးကို တဖွဲဖွဲရောက်လာကာ နှုတ်ဆက်ဂါဝရပြုသည့်သူများကိုလည်း တန်ပြန်ဂါဝရပြုနှုတ်ဆက်နေရသည်။ အဖေကတော့ နာရေးကိုရောက်ရှိလာသည့် လူကြီးပိုင်းအချို့နှင့်စကားဖောင်ဖွဲ့ပြောဆိုပေးကာ Jeon Victory၏အမေကလည်း ဧည့်ခံရေးတွင်ကူညီပေးနေသည်။

အဘွားကတော့ အဘိုး၏နာရေးကြောင့် စိတ်ထိခိုက်မှုများနှင့် အိပ်ရာထဲလှဲနေခဲ့ကာ သူကပဲ ဧည့်သည်တွေကို ဒိုင်ခံနှုတ်ဆက်ဂါဝရပြုရသည်။ အဘိုး၏သိသာသည့်ကျန်းမာရေးအခြေအနေကြောင့် မိမိစိတ်ကို အသင့်ပြင်ဆင်ထားပြီးသားဆိုသော်လည်း အနည်းနှင့်အများတော့ ထိခိုက်နာကျင်ရပြီး စိတ်လည်းပင်ပန်းသည်။

နာရေးပြီးသည့်အချိန်၌ သူသည် ဝတ်စုံပင်မလဲနိုင်ဘဲ အဘွား၏အခြေအနေကိုပြန်ကြည့်ကာ အဘွားကိုအဖော်ပြုရန်အတွက် အဘွား၏အိမ်မှာပင် အနားယူခဲ့သည်။ သူ ဒီအိမ်လာတိုင်း နေသည့်ကိုယ်ပိုင်အခန်းတွင်းက ကုတင်ထက်တောင်တက်ထိုင်ချင်စိတ်မရှိဘဲ ကြမ်းပြင်မှာပင် ထိုင်ချမိကာကုတင်ကိုနောက်ကျောအမှီပြုလိုက်သည်။

စိတ်ပင်ပန်းမှုကြောင့် သတိရနေမိသည်က Jeon Victoryကို..။ မျက်နှာလေးဖြစ်ဖြစ် မြင်ရရင်.. မဟုတ်သေးဘူး.. အသံလေးဖြစ်ဖြစ်ကြားရရင်ကိုအဆင်ပြေလောက်မည်။ အပေါ်ထပ်ကုတ်ထဲကနေ ဖုန်းကိုထုတ်ပြီးဖွင့်လိုက်သည့်အခါ Victoryထံကနေခေါ်ဆိုထားသည့် ဖုန်းကောလ်တွေကိုတွေ့လိုက်သည်။ သူက အဘိုး၏နာရေးကြောင့် အလုပ်များနေခဲ့၍ Victoryဆက်သွယ်မှုကိုမသိလိုက်တာ..။ Victoryဆီပြန်ဆက်သွယ်ကြည့်သည့်အခါ ဖုန်းပိတ်ထားသည်နှင့်ကြုံ၍ လက်လျှော့လိုက်ကာ ဒူးလေးပိုက်ရင်း စိတ်ပင်ပန်း၊ လူပင်ပန်းနှင့်အနားမယူရသေး၍ မျက်ဝန်းတို့က တစ်စနှင့်တစ်စ မှေးစက်သွားရခဲ့၏။

အချိန်တစ်ခုကြာသည့်အခါ Jeon Ianသည် သူနှင့်ရင်းနှီးကျွမ်းဝင်သည့် ကိုယ်သင်းရနံ့လေးကြောင့် မျက်တောင်တို့မှာလှုပ်ခတ်လျက် အသိစိတ်ဝင်လာခဲ့သည်။

သူ့မျက်ဝန်းတို့ကိုဖွင့်ဟလျက် မိမိ၏အရှေ့ကိုကြည့်မိလိုက်သည့်အခါ သူ့လိုပင်ကြမ်းခင်းထက်တွင်ထိုင်ချလျက် သူ့အားငေးစိုက်ကြည့်နေပါသော အတမ်းတရဆုံးပုံရိပ်လွှာက တည်ရှိနေခဲ့သည်။

𝖧𝗂𝗀𝗁 𝖢𝗅𝖺𝗌𝗌 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now