21

1K 159 25
                                    

ရုံးကနေ အိမ်ရောက်ထိတလမ်းလုံး သူထိန်းထားခဲ့သမျှ အိမ်ရောက်တာနဲ့ အားပါးတရ
ငိုကြွေးမိတော့တယ်။

ကိုယ့်ချစ်သူလက်ထက်ခဲ့တဲ့သူက
ကိုယ့်ချစ်သူကို အဆုံးမဲ့ချစ်ပေးနိုင်လိမ့်မယ်ဆိုတဲ့အတွေးလေးနဲ့ သူဖြေသိမ့်နေခဲ့မိတာ။

အခုတော့ ဒင်းက ကွယ်ရာမှာဖောက်ပြားနေတယ်တဲ့လား?
ဒါကလည်းတခြားလူမဟုတ်
ခင်ပွန်းဖြစ်သူရဲ့ သူဠေးနဲ့တဲ့လေ
သူခံပြင်းလိုက်တာ။

" ထယ်ရယ်~~ ငါမင်းကို
လက်မလွှတ်ပေးလိုက်သင့်ဘူး~~ အချိန်တွေနောက်ပြန်ဆုတ်လိုရရင်~~
ငါမင်းကို လမ်းခွဲပေးမှာမဟုတ်ဘူး အဟင့်~~
ငါ ငါမင်းကိုသိပ်သတိရတယ်ကွာ~~ "

ကျောင်းသားဘဝထဲကစပြီး အခုချိန်ထိရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေ ၊ အမှတ်တရပစ္စည်းတွေကိုထုတ်ကြည့်မိပြန်တော့ သူရင်တွေနာလိုက်တာ။

ဘယ်တော့မှမခွဲဘဲ အတူလက်တွဲနိုင်တော့မယ်လို
ယုံကြည်ထားလျက်နဲ့ ကံကြမ္မာက လှည့်စားရက်တယ်။

ဘယ်လိုရမ္မက်တွေကြောင့် ထယ်ကသူကို
ထားရက်သွားခဲ့လည်းမသိပေမယ့် သူနိုင်ငံခြားမှာပညာတော်သင်သွားမယ့် စရိတ်တွေ ထယ်ကပေးလာခဲ့တယ်။

သူငြင်းလေတော့ ... သူကိုချစ်သေးရင်~~
ချစ်ခဲ့ဖူးရင်လက်ခံပါတဲ့လေ ။

သူလည်းအဆင်ပြေနေတာမဟုတ်ပေမယ့်
အဆင်ပြေအောင်ကြိုးစားနေတာမို့ သူကိုလည်း
အဆင်ပြေနေတဲ့ပုံပဲသူမြင်ချင်ပါတယ်လို ပြောလာပြန်သေးတယ်။

သူ ထယ်နဲ့ဒီလိုအခြေအနေတွေ
ဒီလိုအနေအထား ၊
ဒီလိုစကားတွေပြောနေရလိမ့်မယ်ဆို တခါမှ အတွေးဖြင့်တောင် မတွေးမိဘူး ၊
မစဉ်းစားမိဘူး ။

ထယ်က ကလေးချစ်တက်လို
သူတို့လက်ထက်ပြီးတာနဲ့ ကလေးလေးယူမယ်
အိမ်အကြီးတလုံးဝယ်မယ် ~မိသားစု ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ် ဒါတွေကပဲ
သူတို့အမြဲတွေးနေခဲ့တာလေ ~~ အခုတော့

သူမဟုတ်တဲ့တခြားတယောက်နဲ့လား?

ကိုယ်နဲ့စပြီး သူများနဲ့ဆုံးတယ်ဆိုတဲ့

Say!!! I love you  ✅ Complete Where stories live. Discover now