29

1.1K 167 62
                                    

သူအိပ်ပျော်နေပေမယ့် နှာခေါင်းထဲတိုးဝင်လာတဲ့
ရနံ့တခု~~ ထိုရနံ့ကို သူရင်းရင်းနှိးနှိးသိနေတာမို့
နှာခေါင်းလေးကို အလုပ်ပေးကာ
ရှိုက်ရူနေမိလေတော့...

" ဟင်!!"

သူကျောပေးကာ အိပ်နေမိသောဘက်က ရတဲ့ရနံ့မှန်းသိလိုက်ရတာကြောင့် ထိုဘက်သို့လှည့်ကာ
အိပ်လိုက်မိပေမယ့် မျက်လုံးတို့မဖွင့်မိသေး။

ထိုအချိန်နားထဲကြားလာရတဲ့ ရယ်သံညင်းညင်း
သူခါးတွေကိုထိတွေ့လာတဲ့ အထိအတွေ့တွေကြောင့် သူမျက်လုံးတွေအလိုလိုပွင့်လာမိလေတော့။

" ဟင်!!!"

ကုတင်ပေါ်က ကြောက်လန့်တကြားပြန်ဆင်းဖို့ကြံလေတော့ သူအကျီစကိုစောင့်ဆွဲထားတဲ့သူကြောင့် အနောက်သို့သာပြန်လှန်ကျရသည်။

" ဘယ်ကိုထွက်ပြေးချင်နေတဲ့
ဂျွန်ဆော့ဂျင်~~"

" မ မဟုတ်ဘူး~~ ငါက ဂျွန်ဆော့ဂျင် မဟုတ်ဘူးလို!!"

" မင်းဘယ်ကိုမှထွက်ပြေးလိုမရဘူး
ကိုယ်လက်ထဲက မင်းဘယ်တော့မှ မလွှတ်မြောက်နိုင်ဘူး !!"

သူခန္ဓာကိုယ်ကို ချုပ်ကိုင်လာတဲ့ ဂျွန်ဂျောင်ကုရဲ့
ကြောက်ဖို့ကောင်းလှအောင် အကြည့်တွေကြောင့် သူတုတ်တုတ်ပင်မလှုပ်ရဲခဲ့။

" မင်းကိုယ်မင်း လွှတ်မြောက်ပြီ ထင်နေတာလား
မင်းကိုယ်မင်း သိပ်တော်နေပြီထင်နေတာလား?
မင်းကို ကာကွယ်ပေးမယ့်သူတွေရှိနေပြိလိုထင်နေတာလား?"

ဆက်တိုက်ဆိုလို မေးခွန်းတွေထုတ်လာရင်း
သူလည်ပင်းတွေကိုညစ်လာလေတော့ သူမျက်လုံးတွေပါ ပြာဝေကုန်သည်။

" ဂျွန်ဂျောင်ကု မလုပ်နြဲ!!!
ဆော့ဂျင်ကို လွှတ်ပေးလိုက်ပါ!!"

အခန်းတံခါးဖွင့်သံနဲ့အတူ အရာရှိမင်က
ဂျောင်ကုကိုတားမြစ်လာလေတော့
သူလည်ပင်းထက် လက်တွေမှာအားလျော့သွားသည်မို့ သူ အသက်ရူနည်းနည်းချောင်သွားမိရသည်။

" အဟက်!! မင်းကဘာကောင်မို့
ဆရာကြီးလာလုပ်နေရတာလဲ!!"

" ဆော့ဂျင်က မင်းကိုမချစ်သလို ၊ သူကမင်းကို
မလိုအပ်ဘူး ဂျောင်ကု~~ ဒါကြောင့် ဆော့ဂျင်ကို
ဒီလောက်နဲ့ပဲ လွှတ်ပေးလိုက်ပါတော့"

Say!!! I love you  ✅ Complete Where stories live. Discover now