25

1.4K 167 66
                                    

သူဘဝက
ဘာဆိုဘာမှမရှိတော့သည်အထိ
စုပ်ပြတ်သတ်နေတဲ့အနေအထားတခုကိုရောက်နေပေမယ့်  ဒီဆေးရုံကနေထွက်ရဖို့အတွက်တခုထဲနဲ့ လေ့ကျင်ခန်းတွေလုပ်နေမိခဲ့တာ။

အခုတော့ သူဘဝမှာ
မျှော်လင့်ချက်ရောင်ခြည်လေးတခု
ပွင့်လာတာမို့~~ သူအားအင်တွေရှိလာသလိုပင်ခံစားနေခဲ့ရတယ် ။

အရာရှိမင်က သူကို ဒီနိုင်ငံကနေ‌ေခါ်ထုတ်ပြီး~~
ဂျွန်ဂျောင်ကု
မျက်ကွယ်ဖြစ်နိုင်မယ့်နေရာကို ပို့ဆောင်ပေးမယ်လို ဂတိပေးလာခဲ့တယ်လေ။

သူသိပ်ပြီး ယုံကြည်နေတာမဟုတ်ပေမယ့်
အရာရှိမင်က သူဘဝနဲ့ဆိုင်တဲ့ကိစ္စဖြစ်သလို
သူကိုအခုလိုလုပ်ပေးလို သူအသက်ပါအန္တရာယ်ရှိနိုင်ကြောင်းပါရှင်း ပြလာခဲ့တယ်။

သူဒီစကားကိုတော့အပြည့်အဝယုံမိပါတယ်။

ဂျွန်ဂျောင်ကုက သူနဲ့ပတ်သတ်ပြီး ပြစ်မူတွေအများကြီး ကျူးလွန်ခဲ့သလို နောက်ထပ်လည်း
မလုပ်နိုင်စရာကိစ္စမရှိတော့ဘူးလိုလည်း သူယုံပါတယ်။

ဘယ်ကစပြီးလွဲမှားခဲ့လဲမသိတော့တာမို့
သူနဲ့ဆုံမိတာကိုက မှားတယ်လိုပဲသူသတ်မှတ်လိုက်တော့မယ်။

အာ့နေ့ကိုသူပြန်ရောက်သွားရင်
သူသေချာပေါက် ကြေငြာစာရွက်တွေကို လွှင်ပြစ်လိုက်မှာမဟုတ်သလို~~ အငြင်းအခုန်တွေလည်းလုပ်မိတော့မှာမဟုတ်ဘူး
ဖြစ်နိုင်ရင်အာ့နေရာကို မသွားဖြစ်ဖို့တောင်ရှောင်ခဲ့မှာ။

" ကံကြမ္မာကို လွဲဖယ်ဖို့ ကျတော်ရအောင်ကြိုးစားမိမှာ!!"

ဘေးနံရံလေးကိုသာ ထောက်ကိုင်ရင်း သူလမ်းကိုကြိုးစားကာလျှောက်နေတုန်း အခန်းတံခါးဖွင့်သံနဲ့အတူ နှာခေါင်းထဲတိုးဝင်လာတဲ့ ရေမွှေးရနံ့သင်းသင်း။

ဘယ်လောက်ပဲမုန်းနေပါသည်ပြောပါစေ
အကြိမ်ပေါင်းများစွာအတူနေခဲ့ရတဲ့ လူသားရဲ့
ကိုယ်ရနံ့ကိုသူမှတ်မိနေတာမစမ်းပါ။

" Good evening bae!!"

နီရဲရဲကျုးလစ်ပန်းစည်းလေးနဲ့အတူ သူအနားရောက်လာတဲ့ ဂျွန်ဂျောင်ကုကြောင့် ခန္ဓာကိုယ်ကို
အနောက်သို့ ဆုပ်မိပေမယ့် သူလက်ထဲပြေးမလွှတ်ခဲ့ပါ။

Say!!! I love you  ✅ Complete Where stories live. Discover now