အချစ်လှိုင်း ❤️🌷
အပိုင်း (၅)
၃လခန့်ကြာသော်...
"ကိုထက် နောက်နေ့က စပြီး ဆူးနဲ့ ခွဲပြီးအိပ်တော့"
မနက်စာစားနေရင်း ရုတ်တရက်ထပြောလာတာမို့
ထက်အောင် ဆတ်ကနဲလှည့်ကြည့်လိုက်ကာ..."ဘာဖြစ်လို့လဲ ဆူး.."
"ကိုထက် ဒီလိုတွေ လုပ်နေရင် ဆူးတို့ကလေးရလာလိမ့်မယ်"
ပွင့်ပွင့်လင်းလင်းတည့်တိုးပြောချလာတာမို့
ထက်အောင် မျက်လွှာချလိုက်ကာ..."ကိုက မင်းနဲ့ဘဲ အတူတူအိပ်ချင်တာလေ ဆူးရဲ့
ဟိုစိတ်ကြောင့်ပြောတာမဟုတ်ဘူး... ကို မင်းနဲ့ ဒီလိုပုံမှန်ဘဲ အိပ်ရလည်း ကိုကျေနပ်ပါတယ်..."ဆူး မျက်စောင်းလေးထိုးကြည့်လိုက်ပြီး...
"ဟုတ်လို့လား ဟိုတစ်ခါကလဲ ဒီတိုင်းဘဲ အိပ်မှာဆိုပြီး...."
"တော်ပီ မပြောတော့နဲ့ ဆူး...
နောက်တစ်ခါမဖြစ်စေရဘူး ဟုတ်ပြီလား..ကိုဆင်ခြင်မယ်
ဆူးနဲ့ ဒီတိုင်း အိပ်ခွင့်တော့ပေး"ဒီလို ကိစ္စတွေပြောတိုင်း ရှက်တတ်သေးတာ...
ကိုထက်က သူ့ထက် ၃နှစ်ကြီးပေမယ့်..
တခါတလေ ကျ ကလေးဆန်သည်...ကိုထက်က သူဘာဘဲလုပ်လုပ်ခွင့်ပြုပေးထာပြီးသား...
"မနက်တိုင်း ကို့လက်မောင်းမှာနိုးထလာပြီး
ညတိုင်း ကို့ရင်ခွင်မှာ မှေးစက်ပေးရုံနဲ့ရပြီ"ဆိုတဲ့ လူကြီး....
တကယ့်ကိုရိုးစင်းလှတဲ့ ခင်ပွန်းမျိုးက ဆူးနဲ့မလိုက်ဖက်ပေမယ့်
ကိုထက်က ဆူးကိုစိတ်ပျက်စေမဲ့ခင်ပွန်းမျိုးမဟုတ်တာကြောင့်
ဆူး လက်ခံခဲ့ခြင်းပင်...❤️❤️❤️❤️❤️
"ဆူး နောက် ၃လ ဆိုရင် သြစတေးလျမှာ ပညာသင်သွားလို့ရပြီ"
"အင်း ငါလည်း အဲ့တာတွေးရင်ပျော်နေတာ
ဟိုမှာ သင်ရမဲ့ ပညာတွေက ဘာတွေများလဲ ဘယ်လိုတွေ ဆန်းသစ်မလဲ ဆိုတာအရမ်းသိချင်နေပြီ "ဆူးရောအေမီပါ နှစ်ယောက်စလုံး သြစတေးလျမှာ ကျောင်းအတူတူတက်ဖို့ဆုံးဖြတ်ထားတာလေး အကောင်အထည်ပေါ်လာခဲ့လေပြီ...
YOU ARE READING
အချစ်လှိုင်း အတွဲ (၁) (Complete)
Randomအနိုင်ယူချင်တာမဟုတ်ဘူး အချစ် အပိုင်လိုချင်တာ - သုတထက်အောင်