အချစ်လှိုင်း ❤️🌷
အပိုင်း(၆)
"ဘာ!!!"
ကိုလင်းရဲ့ဒေါသ က ပိုပြီးကြောက်ဖို့ကောင်းသည်...
ကလေးချစ်တတ်တာ သူတို့ညီအစ်ကိုနှစ်ယောက်လုံးပင်...
အသည်းနုတဲ့ သူမို့ထင်ပါရဲ့ ကံတရားကလဲ သူ့ဖက်မပါ..."ကျွန်တော်...ကျွန်တော် မတွေးတတ်တော့ဘူး ကိုလင်းရာ..."
အရက်မသောက်ဘဲ ဒီတိုင်းထိုင်ငိုနေတဲ့ သူ့ညီကိုကြည့်ပြီး
လင်းအောင် တကယ့်ကို မခံမရပ်နိုင်ဖြစ်လာရပါသည်...
တကယ်တော့ ထက်အောင် အမှားလည်းမကင်းပါ
သဘောတူထားခဲ့တဲ့ လုပ်ရပ်မို့... စိတ်တိုချင်ပေမယ့်လည်း
ဘယ်သူ့ကိုတိုလို့တိုရမယ်မှန်းမသိဖြစ်ရသည်..."မင်းကကိုမဟုတ်တာပါကွာ... မဟုတ်ဘူး
မင်းတို့နှစ်ယောက်လုံးကိုမဟုတ်တာ... ငါမပြောချင်တော့ဘူး"အရက်ခွက်ကိုမော့သောက်ရင်း လင်းအောင် ဒေါသကိုဖြေနေရသည်
အပြစ်ရှိတဲ့ သူတို့နှစ်ယောက်ကြောင့် အပြစ်မရှိတဲ့ ကလေး ဒီလောကကနေပျောက်ကွယ်သွားရတော့မည်...အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ မိခင်...
အချစ်ကိုရှေ့တန်းတင်ခဲ့တာမို့ ဘာဆိုဘာမှမလုပ်ပေးနိုင်တဲ့ ဖခင်...
အပြစ်မရှိတဲ့ ကလေး....❤️❤️❤️❤️
လင်းအောင်ရဲ့ အသိတစ်ယောက်က
သူဖွင့်ထားတဲ့ ကော်ဖီဆိုင်ကိုလာဖို့ ဖိတ်ထားတာမို့ လင်းအောင်ရောက်လာခြင်းပင်....
ကော်ဖီဆို မကြိုက်တတ်တဲ့ သူက ကော်ဖီဆိုင်ကိုဘယ်လာချင်ပါ့မလဲ..
သူ့အသိရဲ့ ညီမကိုကြိုက်လို့သာ လာခဲ့ခြင်းဖြစ်သည်..."လင်းအောင် ငါမင်းကိုတွေ့ချင်နေတာကွာ...
အခုတလောမင်း ဘာတွေလုပ်နေလဲ""အေ့ ငါအဖေ ဆေးရုံမှာဘဲ ဝင်လုပ်နေတာ..."
"ဟန်ကျတယ်ဟေ့... အလုပ်ရှာစရာတောင်မလိုဘူး
ဘွဲ့ရတာနဲ့ အလုပ်တန်းရတာဘဲ မင်းတို့ကတော့ကံကောင်းချက်""နေရင်းထိုင်ရင်းတော့ ဘယ်ရပါ့မလဲ...
ကြိုးစားရပါသေးတယ်... ဒါနဲ့ မင်းညီမရော ဘာတွေလုပ်နေလဲ""မင်းက ငါ့ကိုတွေ့ချင်လို့မဟုတ်ဘဲ ငါ့ညီမကိုတွေ့ချင်လို့ကိုး....
ဟားဟား..."
YOU ARE READING
အချစ်လှိုင်း အတွဲ (၁) (Complete)
De Todoအနိုင်ယူချင်တာမဟုတ်ဘူး အချစ် အပိုင်လိုချင်တာ - သုတထက်အောင်