အချစ်လှိုင်း ❤️🌷
အပိုင်း (၁၂)
"ဒယ်ဒီ"
ဒီနေ့ နားရက်မို့ ပန်းခြံထဲဆင်းပြီး စာအုပ်ဖတ်နေတဲ့ သူ့အနားလာပြီး
တီးတိုးလေးလာခေါ်တဲ့ သုသုကြောင့် ထက်အောင် ဖတ်လက်စစာအုပ်ကိုချကာ...သုသုကိုကြည့်လိုက်သည်..."ပြောလေ သမီး"
"ဒယ်ဒီက မာမီ့ကိုအရမ်းချစ်တာဘဲနော်"
သူ့ဘေးနားဝင်ထိုင်ပြီး သူ့ကိုသေချာကြည့်ပြီးပြောနေလေရဲ့...
"မာမီ့ကိုချစ်ပေးသလို သုသုကိုလည်းချစ်ပေးရင်အရမ်းကောင်းမှာ"
အားငယ်တဲ့လေသံလေးနှင့် ခပ်တိုးတိုးပြောနေတာမို့
ထက်အောင် သနားစိတ်တွေ ပေါ်လာမိပေမယ့်လည်း
ဆူးကိုပြောထားတဲ့ စကားကြောင့် တစ်ခွန်းမှမဟလိုက်ပါ..."ဒယ်ဒီနဲ့ အတူတူအိပ်ချင်တယ်"
ဟုတ်မှာပေါ့ သူလည်း သူ့အဖေနဲ့ အတူအိပ်ချင်ရှာမှာပေါ့
ရောက်လာကတည်းက သုသုကိုတစ်ခန်းသီးသန့်ထားပြီး နေခိုင်းအိပ်ခိုင်းခဲ့တာ...
ဆူးကတော့ တခါတလေ သွားအိပ်ပေးပေမယ့် သူကတော့မအိပ်ကူခဲ့ပေ..."နောက်မှပေါ့ သမီး..."
"ဟုတ်ကဲ့ ဒယ်ဒီ"
ဒါ သူနှင့် သူ့သမီးရဲ့ ပထဆုံး စကားပြောခြင်းပါ...
နွေးထွေးမှုတွေမခံစားရဘဲ စိမ်းသက်သက် အငွေ့အသက်တွေသာရသည်...
ဖခင်တစ်ယောက်ရဲ့ တာဝန်မကျေပွန်တဲ့ သူ....
နွေးထွေးမှုတွေပေးလိုက်ရမဲ့အစား ကိုယ့်ရဲ့ အတ္တကိုရှေ့တန်းတင်ပြီး
ကိုယ့်ရဲ့ကလေးကို ခါးသီးမှုတွေ ပေးခဲ့တဲ့ သူ...
ပထမဆုံးစကားပြောခြင်းက နောက်ဆုံးဖြစ်သွားခဲ့မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ သမီးရယ်.....❤️❤️❤️❤️
"အပူအစပ်တွေရှောင်ပေးပါဗျ...ပြီးတော့ gas ပါတဲ့ အအေးတွေမသောက်ပါနဲ့ အစာအိမ်ယောင်တာဆိုတော့ ပိုပြီးဂရုစိုက်ဆင်ခြင်ပေးပါ"
"ဟုတ်ကဲ့ရှင့်ဆရာ ကျေးဇူးတင်ပါတယ်"
"ဟုတ်ကဲ့ပါဗျ..."
round လှည့်တာပြီးလို့ရုံးခန်းထဲပြန်မယ်အလုပ်...
"သား....သားငယ်......"
YOU ARE READING
အချစ်လှိုင်း အတွဲ (၁) (Complete)
Rastgeleအနိုင်ယူချင်တာမဟုတ်ဘူး အချစ် အပိုင်လိုချင်တာ - သုတထက်အောင်