အချပ်ပို(၄): လက်ဆောင် (U+Z)

451 43 2
                                    

Unicode
.
.
ချစ်သူများနေ့တွင် ရှန်းမော့သည် နှင်းဆီတစ်ပွင့် လက်ဆောင်ရရှိခဲ့သည်။

၎င်းသည် အနီရောင်နှင်းဆီ တစ်ပွင့်ဖြစ်ပြီး အပြည့်အဝ မပွင့်သေးပါပေ။ မနက်ခင်း နှင်းစက်လေးများက နှင်းဆီပွင့်ပေါ်တွင် ကျန်ရှိနေကြဆဲပင်။ တစ်ယောက်ယောက်က ထိုနှင်းဆီပွင့်လေးကို သူ၏ခေါင်းအုံးဘေးတွင် ထားရှိခဲ့လေသည်။ မနက် အိပ်ရာနိုးသည်နှင့် သူ့မျက်လုံးများကို ဖွင့်လိုက်သောအချိန် နှင်းဆီတစ်ပွင့်ကို မြင်လိုက်ရ၏။ သူသည် အပင်များ၏အင်္ဂါအစိတ်အပိုင်းများကို စိတ်ဝင်စားတတ်သူ မဟုတ်သော်လည်း ဤကဲ့သို့သော အထူးနေ့မျိုးတွင် လက်ခံရရှိထားသည့်လက်ဆောင်အား ထပ်ခါ ထပ်ခါ ကြည့်နေမိသည်။

ပြတင်းပေါက် အပြင်ဘက်ရှိ နေမင်းကြီးသည် ကောင်းကင်ယံတွင် တဖြည်းဖြည်း မြင့်မားလာနေ၏။ တံခါးအပြင်ဘက်မှ ကျီနဉ်က "အန်ကယ်လ်"ဟု ကျယ်လောင်စွာခေါ်လာချိန်တွင် ရှန်းမော့သည်လည်း ကိုယ်လက်သန့်စင်ရန် အိပ်ရာမှ ထလိုက်တော့သည်။ ပိတ်ရက်ဖြစ်သောကြောင့် ရှန်းမော့သည် ခါတိုင်းထက် အိပ်ရာထနောက်ကျ၏။ ကျီမင်ရွှမ်နှင့် ကျီနဉ်သည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး မနက်စာစားပွဲ၌ သူ့အား ထိုင်စောင့်နေကြလေသည်။ သုံးယောက်သား မနက်စာ စားပြီးသွားကြချိန်တွင် ရှန်းမော့က ပန်းအိုးတစ်လုံးရှာကာ နှင်းဆီပွင့်အား ထိုးထားလိုက်သည်။ ကျီမင်ရွှမ်သည် ကျီနဉ် ပုံဆွဲလေ့ကျင့်နေသည်ကို ကြည့်နေ၏။ ကျီနဉ် တရုတ်ပြည်သို့ ရောက်စဉ်အချိန်က မူလတန်းတက်ရန် အသက်ပြည့်ပြီး ဖြစ်သည်။ သူသည်
ရှန်းမော့၏လွှမ်းမိုးမှုကို ခံခဲ့ရသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူက art ပိုင်းကို အထူးစိတ်ဝင်စား၏။ ရှန်းမော့မှာ အတော်လေးပျော်ရွှင်သွားခဲ့ရကာ တန်ဆာပလာမျိုးစုံကို ဝယ်ပေးခဲ့လေသည်။

ယနေ့ သူ၏အတန်းမရှိပေ။ ကျီနဉ်သည် မနက်အစောကြီးကတည်းက ပုံဆွဲလိုနေ၏။ ရှန်းမော့သည် အခြားအလုပ်ကိစ္စများပြီးသွားသည့်အခါ ကျီနဉ် ပုံဆွဲနေသည်အား သွားကြည့်လိုက်လေရာ သူသည် သစ်ကုလားအုပ်ပုံတစ်ပုံ ဆွဲနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် လွန်ခဲ့သောအပတ်က တိရိစ္ဆာရုံသို့ သွားရောက်လည်ပတ်ခဲ့ကြကာ သစ်ကုလားအုပ်များကိုလည်း တွေ့ခဲ့ကြသည်။ ထိုသည်မှာ အမှန်ပင် ပုံကောင်းတစ်ပုံ ဖြစ်၏။ ရှန်းမော့က ဘေးမှနေ၍ ကျီနဉ်အား အကြံဉာဏ်တချို့ပေးလျက် ဓာတ်ပုံရိုက်ရန် သူ၏ဖုန်းကို ထုတ်လိုက်သည်။

လွဲမှားနေကြသော အပိုင်းအစTahanan ng mga kuwento. Tumuklas ngayon