အချပ်ပို(၅): မွေးနေ့ (U+Z)

462 44 0
                                    

Unicode 🔞
.
.
ရှန်းမော့တစ်ယောက် အရက်မူးနေလေပြီ။

နွေဦးရာသီအစ ဖေဖော်ဝါရီလ လေး ရက်နေ့သည် ကျီမင်ရွှမ်၏မွေးနေ့ ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် S Island တွင် ပြန်ဆုံခဲ့ကြ၏။ ထို့ကြောင့် ဤနှစ်၏မွေးနေ့အတွက် ကျီမင်ရွှမ်က အားလပ်ရက်ကို ကြိုတင်စီစဉ်ထားကာ ရှန်းမော့နှင့်အတူ ကျွန်းသို့တစ်ခေါက် လည်ပတ်ခဲ့ကြသည်။ ဤတစ်ကြိမ်၌ သူတို့သည် ပင်လယ်ပြင်ကိုလည်း မြင်နိုင်ပြီး သီးသန့်ရေကူးကန်ပါသော ဗီလာမှာ နေကြ၏။

နေရောင်ခြည်၊ ကမ်းခြေ၊ ကမ်းစပ်နဲ့ ဖယောင်းတိုင်ထွန်းထားတဲ့ ညစာရယ်... ဘယ်အရာကမှ ပိုပြီး ပြီးပြည့်စုံနိုင်တော့မှာ မဟုတ်တော့ပေ။

ကျီမင်ရွှမ်အား အံ့အားသင့်စေသောအရာမှာ ရှန်းမော့၏အရက် ခံနိုင်ရည် အားကိုပင်။ ရှန်းမော့သည် ဝိုင်နီ နှစ်ခွက်သောက်ပြီး မူးနေလေပြီ။

ရှန်းမော့သည် မူးနေချိန်တွင် အော်မငိုတတ်ပေ။ သို့သော် သူသည် ပုံမှန်ထက် ဆယ်ဆပို၍ စကားပြောပေသည်။ သူသည် ကျီမင်ရွှမ်၏ လက်ကို ဆုပ်ကိုင်ထားပြီး အဆက်မပြတ် တောင်ရောက်မြောက်ရောက် ပြောဆိုနေ၏။

ကျီမင်ရွှမ် စိတ်ကူးယဉ်ခဲ့သော လှပသောညလေးမှာ ထိုနေရာတွင် ပျောက်ကွယ်သွားတော့သည်။ သူသည် ရှန်းမော့ကို အနှောင့်အယှက်မပေးဘဲ သူ၏ စကားများကို စိတ်ရှည်သည်းခံကာ နားထောင်နေသည်။ ရှန်းမော့သည် မူလတန်း အတန်းဖော်တစ်ယောက်နှင့် ရန်ဖြစ်ခြင်းမှအစပြု၍ အထက်တန်းကျောင်းတုန်းက သူမုန်းသော သင်္ချာဆရာအကြောင်းအထိ အရာအားလုံးကို ပြောပြနေသည်။ သူက ပြောပြီးသည်နှင့် ကျီမင်ရွှမ်၏အမြင်ကိုပါ မေးလိုက်သေးသည်။

"ဒါက မှန်တယ်မလား"

"ခင်ဗျားက သဘောမတူတာလား"

"ကျွန်တော်ပြောတာ အဓိပ္ပာယ်ရှိတယ်မလား"

ကျီမင်ရွှမ်က ခေါင်းညိတ်ပြလျက် ထပ်ခါထပ်ခါ ပြောလိုက်သည်။

"မှန်တာပေါ့"

"ကိုယ် သဘောတူပါတယ်"

"မင်း ပြောသမျှအရာအားလုံးက အဓိပ္ပာယ်ရှိပါတယ်"

လွဲမှားနေကြသော အပိုင်းအစDonde viven las historias. Descúbrelo ahora