( Unicode Version )
( Station Lover )
မြင်မြင်ချင်းအချစ်ဆိုတာကို ခင်ဗျားတို့ယုံကြည်ကြလား?...။
ရင်ခုန်တာကို အချစ်လို့ ခေါင်းစဥ္တပ်မယ်ဆိုရင်ရော လက်ခံကြမှာလား...။
အွန်း...။ကျွန်တော်ကတော့ မြင်မြင်ချင်းအချစ်ကိုခံစားဖူးပြီထင်တယ်။ရင်ခုန်တာကိုအချစ်လို့ သတ်မှတ်ကြေးဆို ကျွန်တော်
ထိုတစ်စုံတစ်ယောက်ကို ချစ်မိခဲ့ပါပြီ။ဘူတာရုံလေးထဲမှာ ထိုလူကိုစတင်တွေ့ရှိခဲ့ပြီး ဘူတာရုံလေးထဲမှာပဲ ပထမဆုံးသော
ပျိုပျိုမျှစ်မျှစ် ကျွန်တော့်ရင်ခုန်သံတွေဟာ အဆုံးအစမဲ့ကမ်းပြိုလာခဲ့ရင်း ဘောင်ဘင်
မခတ်နိုင်ခဲ့ပါ။မညာစတမ်းဝန်ခံရမည်ဆို
သူ့ကိုရင်ခုန်တာမို့လို့ ချစ်မိသွားပါပြီပေါ့...။ဘူတာရုံထဲမှာ မျက်ဝန်းချင်းစကားပြောခဲ့ကြတယ်။ဟိုတေးသွားထဲကလို "မျက်လုံးချင်းစကားပြောနေပြီ "ဘာညာပေါ့လေ။
ပတ်ခ်ဂျီမင်တို့များ တကယ်မလွယ်ပါလား။
ဆုံတွေ့ခဲ့ကြချိန်တစ်ဒင်္ဂလေးအတွင်းပိုင်းနဲ့ကို ကဗျာတွေနွှဲ့တတ် ဖွဲ့တတ်နေပြီသတဲ့။အချိန်ကအရေးပါလို့လား?ကျွန်တော့်အတွက်ဆို အချိန်ကအဲ့လောက်ထိအရေးမပါဘူးလို့ ခံယူထားခဲ့တာလေ။အဲ့ဒါထက် ကိုယ့်ခံစားချက်နဲ့ကိုယ့်နှလုံးသားက ပိုအရေးပါတယ်လို့ မထင်မြင်ကြပေဘူးလား။
ဘူတာရုံလေးထဲမှာ စကားတွေပြောမယ်...
ဘူတာရုံလေးထဲမှာ ကိုယ်တို့အနမ်းခြွေကျမယ်...မင်းဘက်ကရော?ကိုယ့်ကို လွမ်းမှလွမ်းနေပါ့မလား။•••••••• Station Lover •••••••••
* * * * * * * * * * * * * * * * * * * * *
ဘူတာရုံထဲက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောမပြခင်မှာ ဘာအတွက်ကြောင့်နဲ့ဘူတာရုံမှာမှ သူတို့တွေဆုံခဲ့ကြရသလဲကို
အရင်ဆုံးပြောပြပါရစေ။* ပတ်ခ်ဂျီမင်ရေ ထပါတော့ဟ...
မင်းဘိုးအေရထားက! နောက်ကျတော့မယ် *မနက်မိုးတောင်မလင်းသေးဘူး။သူငယ်ချင်းဖြစ်သူ ကင်ဟိုဆော့ရဲ့ခုနစ်ချီဟစ်သံမှာ စည်ခနဲ ဗြဲခနဲထွက်လာရင်း တိုက်ခန်းလေးခမျာ
စတင်၍ဆူညံပါတော့မည်။